"မြစ်ထဲက ငါးသေးသေးလေးတွေဖမ်းဖို့ မင်းငါ့ကို ကူညီစေချင်တယ် ငါ ငါးသေးသေးလေးတွေ အများကြီး လိုချင်တယ်"  တစ်စုံတစ်ယောက်က သူ့ကို ငါးဖမ်းဖို့ ကူညီမယ်ဆိုရင် သူက အစ်ကိုကြီးပိုင်မုကို  ကူညီနိုင်မှာပဲလို့ တွေးခဲ့တယ်။ဒါဆိုရင် ပိုင်မုက သူ့ကို ပိုပြီးကောင်းကောင်းဆက်ဆံမှာ သေချာတယ်။ဒါကိုတွေးပြီး ကေစီက နာကျင်မှုကို မေ့သွားကာ သူ့ မျက်လုံးကို ဖွင့်ပြီး ပြုံးလိုက်တယ်။

"ရတယ်၊ ဒါပေမယ့် ငါးသေးသေးလေးတွေက ဖမ်းရမလွယ်ဘူး မင်းအတွက် အကောင်ကြီးပဲ ဖမ်းလိုက်မယ်"သူက တာ့ဝူရဲ့နေရာမှာ ငါးစွပ်ပြုတ်သောက်ခဲ့တာကြောင့် သူ့(ကေစီ)အတွက် ငါးကူဖမ်းပေးပါလို့  ကြားလိုက်တာနဲ့ ဒီကလေးက ငါးစွပ်ပြုတ်စားချင်တယ်လို့ သူထင်လိုက်တယ်။ဘန်ဆွန်က သူ့ကို ခဏလောက် ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ပျော်ရွှင်သွားတယ်။ သူ(ကေစီ)က တကယ်ကိုကလေး,လေးပဲလို့ တွေးနေခဲ့တယ်။ တကယ်ချစ်စရာကောင်းတယ်။

“ငါးသေးသေးလေးတွေက ဖမ်းရမလွယ်ဘူးလို့ ဘယ်သူပြောလဲ၊ နောက်ကျရင် မင်းကို ငါသင်ပေးမယ် ငါ့အရည်အချင်းကို မင်းမြင်ရတာပေါ့ ”ကေစီက ဂုဏ်ယူ၀င့်ကြွား‌နေတဲ့ ဒေါင်းလေးတစ်ကောင်လို အောင်ပွဲခံရင်း သူ့ခေါင်းကို မော့လိုက်တယ်။အစ်ကိုကြီးပိုင်မုက ငါးဖမ်းနည်း သူ့ကို သင်ပေးခဲ့တာ။

ဘန်ဆွန်က ရယ်စရာကောင်းတယ်လို့ခံစားရတယ်။ သူက တကယ်ကို ကလေးပုစိလေးပဲ။ သူ့ခန္ဓာကိုယ်က အနာကျက်လုနီးပါး ဖြစ်နေပြီ။ ငါးသေးသေးလေးတွေ ဖမ်းရုံပဲမလား။ ငါးသေးသေးလေးတွေက  ဘာပြဿနာမှ မဖြစ်လောက်ပါဘူး။ ဒါကြောင့် ဘန်ဆွန်က သန်မာတဲ့  အလုပ်သမားတစ်ဦးအဖြစ် လုပ်ဆောင်ဖို့  ကေစီပြန်ပေးဆွဲတာ ခံလိုက်ရတယ်။

"ကျွန်တော် ရေတွက်ပြီးပြီ အယ်လီ၊ အိုးကြီးကြီးဆယ်လုံး မှာထားရမယ်၊ ပြီးတော့အိုးကြီးတစ်လုံးကိုလည်း မှာရမယ်" အရင်တုန်းက မျိုးနွယ်စုထဲမှာ အိုးသေးသေးလေးတွေပဲရှိတာ။ နောက်ပိုင်းမှာ  ပိုင်မုက  အသုံးပြုဖို့ မလွယ်ကူကြောင်း ခံစားခဲ့ရတယ်။ဟင်းသီးဟင်းရွက်ဆားရွက်စိမ်အိုးတွေ၊ အိုးခွက်တွေနဲ့ အခြားပစ္စည်းတွေ ပြုလုပ်ဖို့ သူတို့ရဲ့မူလစွမ်းရည်ကိုအသုံးပြုတတ်တဲ့ အန်ကယ်ဘာရွန်ကို သူတွေ့ရှိခဲ့တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now