အပိုင်း (၉/u)

Magsimula sa umpisa
                                    

" ဆိုပြမယ်လေ "

" ဟင် "

" ဟင်မနေနဲ့ ခင်ဗျားနားထောင်ချင်တယ် မဟုတ်လား။ ကျုပ်ဆိုပြမယ် "

" ဒါဆို အင်္ကျီလဲလိုက်ဦး "

" ခင်ဗျားကိုယ်တိုင်ဝတ်ပေး။ ငြင်းမယ်မကြိုးစားနဲ့ အဲ့တာသီချင်းဆိုခိုင်းတဲ့အတွက် အဖိုးအခ "

ပြစ်လွှတ်လာသော မျက်စောင်းလေးကြောင့် မူပိုင် လှပ်ခနဲတစ်ချက်ပြုံး၏။ လေးဆယ့်နှစ်နှစ်လို့သာပြောတာ အမူအယာတိုင်းက မူပိုင်မျက်လုံးထဲတွင် နှစ်ဆယ့်လေးနှစ်အရွယ် ခပ်ဆိုးဆိုးလေးလို။

မှိုင်းညို့ညို့ကောင်းကင်ပြင်ကျယ်တွင် နေရာယူထားသော ကြယ်ပြာပြာများ။ တစ်ခြမ်းတည်းသာသော လမင်းသည် ခြံတွင်းလေးထဲသို့ လုံလောက်သော အလင်းရောင်ကို ဖြန့်ကျက်ပေးထား၏။ မြက်ခင်းစိမ်းစိမ်းပေါ်ရှိ ကတ္တီပါခြေညှပ်ဖိနပ်နှစ်ရံ။ ထဘီအောက်နားစလေး ဖုံးဖိထားသော ခြေဖမိုးသည် ဖြူဖြူဥဥဖြစ်ပြီး သူ့နံဘေးရှိ လှစ်ဟာထားသော ခြေဖမိုးသည် ညိုစိုစိုရယ်။

" ဘာသီချင်းနားထောင်ချင်လဲ ဒေါ်ဒေါ် "

" ရတယ် မူပိုင့်သဘော "

ညဉ့်ကောင်လေးများ၏ တဂျီဂျီတဂျာဂျာအသံများကြားမှ ပေါ်ထွက်လာသော ဂစ်တာသံ။ ဘေးကပ်ရပ်ထိုင်နေရာမှ အနည်းငယ်ခွာပြီး စောင်းထိုင်လိုက်သော မူပိုင်ကြောင့် မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားလေပြီ။

~ အချစ်အကြောင်းများ မသိခဲ့ဘူး၊ ငယ်စဉ်က အသက်အရွယ်မှာ ~

~ ရူးလောက်တဲ့အချစ်မျိုးနဲ့ ကိုယ်လေမတွေ့မိသေးပါ ~

ဂစ်တာခေါက်သံနှစ်ချက်နောက် ဆက်လက်ပေါ်ထွက်လာသော သီချင်းသံ။ ဖြတ်ပြေးတိုက်ခတ်သွားသောလေထုသည် ထူးကဲစွာ နွေးထွေးစေ၏။ ယနေ့မှ ပို၍ထုံသင်းသော ပန်းရနံ့များသည် မြ နံဘေးကျီစယ်နေသယောင်။ စိုက်ကြည့်နေလျက်ရှိသော မျက်ဝန်းနက်နက်များထဲ အချစ်ဆို‌‌သောအရာအား ခံစားနေရသည်။

~ ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ ~

~ ငြိမ်အောင်တင်းထားလို့မရ၊ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်၊ ဒါဟာ အချစ်လို့ခေါ်မလား ~

မူပိုင် [အတွဲ တစ်]Tahanan ng mga kuwento. Tumuklas ngayon