အခန်း < ၁ >

Start from the beginning
                                    

" သမီးငယ်လေး ဒီနေ့ပြန်ရောက်မယ်မလား "

" ဟုတ်တယ်ဖေဖေ "

ဖေဖေသည်  ရိုးမယ်ခင်အား လှမ်းကြည့်သည်။ရိုးမယ်ကလည်း ဖေဖေဘာများဆက်ပြောမလဲဟုစောင့်နေသည်။သို့သော်ဖေဖေသည် ဘာမှမပြော။

" တွယ်ငြိသူငယ်ချင်းရောပါလာမယ်လို့ပြောတယ်ဖေဖေ "

" ဟုတ်လား၊ သမီးကပဲဧည့်ခံလိုက်ပါကွယ် "

နံနက်စာစားပြီးသည့်နောက်တွင် ဖေဖေကတော့ သူ၏လုပ်ရိုးလုပ်စဉ်အတိုင်း သူ့အခန်းထဲတွင်နေကာ စာဖတ်ချင်လည်းဖတ်နေတတ်၏၊ ပြန်အိပ်ချင်လည်းအိပ်နေတတ်၏၊ ပုံဆွဲချင်ဆွဲနေတတ်၏။ တစ်ခါတစ်ခါ အိမ်ရှေ့တွင်တစ်ကုပ်ကုပ်နှင့် အပင်ပျိုးချင်ပျိုးနေတတ်၏။

ဟံသာဝတီကျေးရွာဟုဆိုင်းဘုတ်တပ်ထားသော ရိုးမယ်ခင်တို့ရွာကလေးတွင်တော့ ယွန်းလုပ်ငန်းသာ အသက်
သွေးကြောဖြစ်သည်။ဘိုးဘွားအစဉ်အဆက်လက်ဆင့်ကမ်းလုပ်ကိုင်လာသော ယွန်းလုပ်ငန်းကလေးသည် ရိုးမယ်ခင်၏ လက်ထပ်တွင်လည်း
ဆက်၍ပြန့်ပွားနေဆဲဖြစ်သည်။ထိုယွန်းလုပ်ငန်းနှင့်ပင် ရှင်သန်နေထိုင်ရသည်။

ရိုးမယ်ခင်တို့အိမ်သည် သာမန်နှစ်ထပ်ပျဉ်ထောင်အိမ်ကလေးမျှသာဖြစ်သည်။သို့သော် ရိုးမယ်တို့ခြံဝိုင်းကလေးသည်အတော်လေးကျယ်ဝန်းသည်ဟုဆိုရမည်။ရိုးမယ်တို့ ဘိုးဘိုးနှင့်ဘွားဘွားက အိမ်ချင်းကပ်ရပ်မှာပင်ဖူးစာဆုံခဲ့ခြင်းဖြစ်သည်မို့ နှစ်အိမ့်တစ်အိမ့်ပေါင်းစည်းခဲ့ကြလေသည်။ရိုးမယ်ခင်တို့၏ ယွန်းထည်အမျိူးမျိူးပြုလုပ်သည့်ရုံကလေးကို အိမ်ခြံဝိုင်းထဲတွင်ပင် ရုံကလေးသပ်သပ်ပြုလုပ်ကာ တည်ထား၏။ပျဉ်ထောင်အိမ်ကလေးနှင့် ဘေးချင်းကပ်ဖြစ်သော
ကြောင့် အိမ်နှစ်အိမ်အပြိုင်ဆောက်ထားသလားဟုပင်ထင်ရသည်။

" မမရိုးမယ်လာပြီဟေ့ "

" ဘုတ်မရယ်၊ အသံအကျယ်ကြီးမအော်ပါနဲ့လို့ဘယ်နှစ်ခါပြောရမလဲ။ ဖေဖေကြားရင် ဘုတ်မရော ရိုးမယ်ရောအဆူခံရလိမ့်မယ် "

" မမရိုးမယ်ဟိုတစ်နေ့က အသစ်ဆွဲထားတဲ့ယွန်းထည်လေးလုပ်ပြီးသွားတာ ပြချင်လို့ပါတော့် "

ကေသာရစ်ခွေပန်ပါလေWhere stories live. Discover now