The Begining of Begining

346 50 50
                                    

ကျနော် ဒါရေးဖို့ပြန်ဖတ်တာ တစ်ရက်ကျော်ကြာတယ်။ ဒါလေးကတော့ အမြည်းပါ။
ဖိုက်တင်းဗျို့။

_Unicode_

ဆွေးနွေးပွဲနေ့။

DMZဆိုသည်မှာ ကမ္ဘာပေါ်တွင် နှစ်ဖက်လက်နက်ကိုင်စစ်သားအများဆုံးတပ်စွဲထားသည့် နယ်စည်းခြားနေရာတစ်ခုဖြစ်သည်။ အဆင်သင့်ပြင်ဆင်ထားသော စစ်လက်နက်များနှင့် လေ့ကျင့်ပြီးသား စစ်သားများက နှစ်ဖက်နယ်စပ်ကို 24နာရီ စောင့်ကြပ်ကြသည်။ တစ်ခုခုမှားယွင်းပါက အတောမသတ်နိုင်သော စစ်ပွဲများက သမိုင်းအသစ်တစ်ခု ဖြစ်သွားနိုင်၏။ သို့ဖြစ်၍ ကမ္ဘာ့အထိမခံနိုင်ဆုံး နေရာတစ်ခုဟုလည်း ခေါ်ဆို၍ ရနိုင်သည်။

ကိုရီးယားလူမျိုးများ၏ ဆန္ဒတစ်စုံတစ်ရာမပါဘဲ ပိုင်းခြားခံလိုက်ရသော မြေပုံပေါ်မှ မျဉ်းတစ်ခုက အပြင်တွင် လိုက်မမီနိုင်လောက်သည်အထိခြားနားသည့် နေရာနှစ်ခုကို ဖန်တီးပြီးဖြစ်သည်။ တူညီသောလူမျိုး၊ တူညီသောနိုင်ငံ၊ သွေးချင်းနီးသူများအကြား ပြင်ပမှ လွှမ်းမိုးမှုများက သူတို့ကို ဤကဲ့သို့အခြေအနေတစ်ခုရောက်အောင် တွန်းပို့ခဲ့သည်။ ယခုအချိန်တွင် တစ်ဖက်အခြေအနေက မိုးထိမြင့်လောက်အောင် တိုးတက်နေသလို တစ်ဖက်က အဝီစိစိုက်မတတ်နိမ့်ကျနေပါ၏။

ခေါင်းဆောင်အဆက်ဆက် ဆယ်စုနှစ်များစွာ ကြိုးစားခဲ့သည့် ရင်ကြားစေ့ရေးကို အကောင်အထည်မဖော်နိုင်ကြသည့်အဆုံး လက်လျှော့လိုက်ရင်း ကိုယ်ယုံကြည်ရာကိုသာ လက်ကိုင်ထားလိုက်ကြသည်။ 38မျဉ်းပြိုင်ကို ဗဟိုပြုသည့် DMZသည် အန္တရာယ်များသလို ငြိမ်းချမ်းရေးကိုပါ ဖော်ဆောင်နေသည်။ အရာအားလုံးကွဲပြားမှုသည် DMZဆိုသည့် နေရာလေးတွင် စတင်သည်။

******

"ဂျောင်ကု၊ မြောက်ဘက်က တပ်မှူးက မင်းကိုကြည့်နေတယ်။ မဟုတ်မှ စင်ကာပူတုန်းက ငါတို့ကို မှတ်မိတာတော့ မဟုတ်ပါဘူးနော်။"

ထိန်းချုပ်ခန်းတွင်ရှိနေသော ယွန်ဂီ‌Hyungက ဆက်သွယ်ရေး ကိရိယာမှတစ်ဆင့် သူ့ကို ပြောလာသည်။ ထုံးစံအတိုင်း မျက်နှာပုဝါစည်းထားသော တပ်မှူးဆိုသူက မြောက်ပိုင်းခေါင်းဆောင်၏ ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပုံရသည်။ ဂျောင်ကု လှမ်းကြည့်မိချိန် ထိုတစ်ယောက်ကလည်း သူ့ကို ကြည့်သည်။ ထိုသူ့၏ ရှည်သောမျက်လုံးများမှ ရင်းနှီးကျွမ်းဝင်နေသလို အကြည့်ကို ဂျောင်ကု ခံစားလိုက်ရသည်။ ထိုခဏတွင် သူ့စိတ်တွေ ယောက်ယက်ခတ်သွားခြင်းက လူမိသွားမှာစိုး၍ဖြစ်သည်။

KILL ME  [JinKook]Where stories live. Discover now