"အခုငါတို့ နေ့လယ်စာသွားစားကြမလို့ ထယ်ထယ်လေးရောလိုက်ခဲ့ပါလား"

"ထယ်ထယ်လေး ထယ်ထယ်လေးနဲ့ ငါ့ကိုနင့်ကလေးလိုလုပ်မနေစမ်းနဲ့ "

"လိုက်ခဲ့လို့..."

"မလိုက်တော့ပါဘူး ငါအလုပ်လေးရှိသေးလို့လေ နောက်ရက်အားမှ ငါတို့ဆုံကြမယ်
ငါသွားတော့မယ်နော်"

ဟွမ်ရော မီရာပါအခြေအနေကိုနားလည်ကြတာမလို့
သူ့ကိုအတင်းဆက်မခေါ်ကြတော့။
Taehyungလည်းသူတို့ကိုနှုတ်ဆက်ပြီးထွက်လာလိုက်တော့သည်။
ကားပါကင်ကိုဆင်းဖို့ ဓာတ်လှေကားရှေ့မှာ ခဏစောင့်နေတုန်း ဓာတ်လှေကားတံခါးကပွင့်လာပြီး အပေါ်ထပ်ကိုတက်လာတဲ့လူတွေထွက်လာကြသည်။
အဲ့မှာမထင်မှတ်ထားတာက Jungkookကိုတွေ့လိုက်ရတာပင်။Jungkookကလည်းသူ့ကိုတွေ့တော့ အံ့ဩသွားပြန်သည်။

"အကို ဘာတွေလာဝယ်တာလဲ ကျွန်တော်ဖုန်းဆက်တာလည်းမကိုင်ဘူး"

"အာ....ဖုန်းက ကားထဲကျန်ခဲ့လို့လေ မင်းရောဘာလာလုပ်တာလဲ"

"ဟော...ဒီကလေးလေးလား"

ဘေးနားမှာရပ်နေတဲ့အမျိုးသမီးတစ်ယောက်ကTaehyungတို့စကားပြောနေတဲ့အနားမှာရပ်ပြီး သူ့ကိုကြည့်ပြီးစကားပြောလာသည်။Jungkookကလည်းပြန်ဖြေနေသည်။

"ဟုတ်တယ် ဟုတ်တယ်"

"တွေ့ရတာဝမ်းသာပါတယ်ကလေးရေ
ဒေါ်လေးက Jungkookရဲ့ဒေါ်လေးပါ"

"ဗျာ!.....အာ....တွေ့ရတာဝမ်းသာပါတယ်ဒေါ်လေး ကျွန်တော်ကKim Taehyungပါ
ခင်ဗျာ့"

"ချစ်ဖို့ကောင်းလိုက်တာ Jungkookထက်အကြီးလို့ကိုမထင်ရဘူး"

လေပေးဖြောင့်ပြီး သူ့ကိုရွဲ့စောင်းပြောကာ
လှည့်ကြည့်ပြီးရယ်လာသူနှစ်ယောက်ကြောင့် Jungkookမှာ ဟန်ဆောင်ပန်ဆောင်စိတ်ဆိုးကြောင်းတောင် မပြနိုင်တွေဖြစ်ကာ သဘောတကျရယ်လိုက်ရသည်။

"ဒေါ်လေးက သူ့သမီးလေးအတွက်မုန့်ဝယ်မယ်ဆိုလို့ ဒီကိုလာလိုက်တာလေ အကိုရောနေ့လယ်စာမစားရသေးဘူးမလား ကျွန်တော်တို့သွားစားရအောင်"

"ဟုတ်တယ်သား ဒေါ်လေးတို့သွားရအောင် အမျိုးတွေထဲမှာTaehyungလေးကိုတွေ့ရတာ ဒေါ်လေးကအရင်ပေါ့ မနက်ဖြန်ညမှတွေ့ရမယ်ထင်နေတာ ကံကောင်းတော့အရင်ဆုံးတွေ့လိုက်ရတယ် နေ့လယ်စာကိုဒေါ်လေးကျွေးမယ်"

APOLLO Hikayelerin yaşadığı yer. Şimdi keşfedin