(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ

Start from the beginning
                                    

ပိုင်ရှန်းရှို့ မနက်ပိုင်း အော့အန်မူးဝေတာတွေဟာ အရင်ကလောက် မပြင်းထန်တော့ဘူးဆိုပေမဲ့ အနံ့ပြင်းပြင်းတွေဆို မခံနိုင်သေးဘူး။ ဟင်းလေး နည်းနည်း စားပြီးတာနဲ့ နေထိုင်မကောင်းဖြစ်သွားတော့တာပဲ။ ရုန်ဝမ်ဖေးလဲ လောင်ဖူးရန်ကို ဒီကိစ္စအသိပေး အကြောင်းကြားလိုက်ပြီး ပိုင်ရှန်းရှို့ကို နားနေခန်းလိုက်ပို့ပေးဖို့ သူမရဲ့ အစေခံတွေ ခိုင်းလိုက်လေတယ်။

သူမ အနီးအနားက ခန်းဆောင်တစ်ခုမှာ နားနေတာ ငါးမိနစ်တောင် မရှိတတ်သေးဘူး။ အစေခံမလေးတစ်ယောက် စာတစ်စောင်ယူပြီး သူမဆီ ပို့လာတယ်။ ပိုင်ရှန်းရှို့ အံ့သြနေမိတော့တာပဲ။ 'မင်းသားရုန်ရဲ့ အိမ်တော်ထဲမှာ ငါ့ကို စာပို့မဲ့လူ ရှိလို့လား'

'စုန့်ကျောင်းယွဲ့များလား...'

'မဖြစ်နိုင်ဘူး၊ အဲ့ဒီလူက ဓလေ့ထုံးစံတွေကို အရမ်းစောင့်ထိန်းတာ၊ ဒီလိုဟာမျိုး လုပ်လိမ့်မှာ မဟုတ်ဘူး' ပိုင်ရှန်းရှို့ စာကို ဖွင့်ဖတ်လိုက်တယ်။ "ရှို့သခင်မ၊ ရုန်ဝမ်ရဲ့ အနောက်ဥယျာဉ်ထဲမှာ တွေ့ရအောင်၊ တို့ မေးစရာ ရှိတယ်"

စာက လင်ချန်းဇီ ပို့တာ ဖြစ်နေတယ်။

'ဇာတ်လိုက်မဆီက စာပဲ၊ သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်လာတာလဲ၊ လော့ယွင်ကျန်းနဲ့ လိုက်ပြေးသွားပြီ မဟုတ်ဘူးလား၊ ငါ သူ့ကို သွားတွေ့လို့ မဖြစ်ဘူး၊ အရင်တစ်ခေါက်က သူနဲ့ တွေ့တာ... ကိုယ်ဝန်ပျက်ကျတော့မလိုဖြစ်သွားတယ်၊ အရူးအနှမ်းပဲ အရင်ကကိစ္စကို အမှတ်သညာမရှိ သွားတွေ့ဖြစ်မှာ' ဒီလိုအတွေးတွေနဲ့ ပိုင်ရှန်းရှို့ဟာ စာကို ရှောင်ရှီကို ပေးလိုက်ပြီး မမြင် မဖတ်ခဲ့သလို နေလိုက်တော့တယ်။

စာလာပို့ပေးသူက ပိုင်ရှန်းရှို့ လုပ်ရပ်ကို တွေ့တော့ မကျေနပ်ဘူး။ သူမ တွေးတွေးဆဆ စဉ်းစားပြီးတဲ့အခါမှာ ပြောလိုက်တော့တယ်။ "အဲ့ဒီမိန်းကလေးက သနားစရာနော်၊ အရှင်မ သူ့ကို သွားမတွေ့တော့ဘူးလား"

ဆိုတော့ကာ လင်ချန်းဇီရဲ့ ကြာပန်းဖြူအရှိန်အဝါက ဇာတ်လိုက်မင်းသားရယ်၊ အရံမင်းသားတွေရယ်အပေါ်သာ သက်ရောက်ရုံ မဟုတ်ဘူးကိုး။ အခြား ဇာတ်ပို့ဇာတ်ရံ ဖြတ်လျှောက်တွေအပေါ်ကိုပါ လွှမ်းမိုးနိုင်စွမ်းရှိနေပုံပဲ။

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now