အပိုင်း - ၃၈

Începe de la început
                                    

" သည်ပုသိမ်မြို့ရဲ့ လမ်းလောက်တော့ မျက်စိမှိတ်တောင် မောင်းလို့ရပါတယ် အချစ်ရယ် အမောင့်ကို စိတ်ချနော် "

အမောင့်အဖြေကြောင့် အစိုးမျက်စောင်းလေးက ဒိုင်းခနဲရောက်သွားမိလျှက်သား...

အမောင်တစ်ယောက် ကားကိုကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်ကြောင်းသိသော်လည်း စိတ်ပူသည်ကတော့ ပူမိသေးသည်သာ...

ချစ်နေမိတော့လည်း အရာရာစိုးရိမ်မိပြန်သည်မို့ အခက်သားပင်...

" အမောင် ကျွမ်းကျင်တာတော့ အစိုးသိလေသား သို့ပေမဲ့ စိတ်ပူမိတယ်အမောင်ရယ် ဘာပဲဖြစ်ဖြစ် ကားကိုဂရုစိုက်မောင်းပါနော် "

" ဟုတ်ပါပြီအချစ်ရယ် အမောင် သေချာ သတိနဲ့မောင်းပါ့မယ် ဟုတ်ပြီလား "

" သည်လိုဖြင့်လဲ ပြီးတာပါပဲ အပြန်ကိုလဲ အိမ်ပြန်ချင်လောကြီးပြီး တအားအမြန်တွေ မမောင်းလာနဲ့နော် သိရဲ့လား ကဲ တာ့တာနော် အမောင် "

စကားတပြောပြောဖြင့် ကားရှေ့ရောက်လာပြီမို့ အစိုးတစ်ယောက် အမောင့်ကိုပြုံးပြရင်း နှုတ်ဆက်လိုက်သော်လည်း တစ်ဖဝါးမှမခွာသေးသူကြောင့် အစိုးမေးလေး ဆတ်ပြလိုက်မိ၏။

" အဟမ်း အခု ကားမောင်းလို့မရသေးဘူး အချစ် "

အမောင့်စကားကြောင့် အစိုး အနည်းငယ် ကြောင်အ သွားရ၏။

ဘာကြောင့်များပါလိမ့်လေ...
အမောင်တစ်ယောက် မနေ့ကပင် ကားထဲဆီဖြည့်လာသည်ဟု ပြောခဲ့သေးသည်မဟုတ်ပါလား...

" ဟင် ဘာလို့လဲ အမောင်ရဲ့ မနေ့ကပဲ ကားထဲ ဆီဖြည့်လာခဲ့တယ်ဆို "

" ကားထဲ ဆီဖြည့်ထားပေမဲ့ မောင်းမဲ့လူမှာ အကြင်နာမဖြည့်ရသေးလို့ပါခင်ဗျ "

ပါးလေးကို အနည်းငယ်ထိုးပေးလာရင်း ခပ်တည်တည်ဆိုလာသော အမောင့်စကားသံအဆုံး အစိုး အသာအယာသာ ပြုံးလိုက်မိသည်။

အမောင်တစ်ယောက်ဟာ စက်ရှင်မင်းကြီးသာဆိုရဲ့
အစိုးရှေ့မှောက်တွင်တော့ ကလေးဆိုးကြီးအလား...

" မြန်မြန်လေး နမ်းပါဗျ သည်လူက အနမ်းရမှ ကားပေါ်တတ်နိုင်တဲ့ အချစ်အားဖြည့်လူသားမို့ပါ "

အမောင် / အမောင်​ ( Completed )Unde poveștirile trăiesc. Descoperă acum