from the very start *:。 ❆

79 6 0
                                    

ပူပြင်းတဲ့ ခြောက်ကပ်ကပ် နွေရာသီကုန်ဆုံးပြီမလို့ အပူချိန်က သိသိသာသာကျဆင်းလာပြီး လေပြည်အေးတွေတိုက်ခတ်နေပြီ။ ကျောင်းပိတ်ရက်ပြီးလို့ အထက်တန်းပထမနှစ်ကို စတတ်ရတော့မယ့်နေ့ပေမယ့်လည်း ဂျယ်ယွန်းအတွက်တော့ ထူးထူးခြားခြားစိတ်လှုပ်ရှားနေစရာတော့ရှိမနေဘူး။ ငယ်ငယ်ကတည်းက တက်လာတဲ့ ကျောင်းမှာ အထက်တန်းဆက်တက်ရမှာမလို့ နေသားမကျမှုတွေရှိနေမှာမဟုတ်တာကို သူကြိုသိနေတယ်။ တကယ်တော့ ဂျယ်ယွန်းဘဝက ငြီးငွေ့စရာကောင်းလောက်အောင်ကိုပြောင်းလဲမှုမရှိတာ။

အမေပြင်ပေးထားတဲ့ မနက်စာကိုစား လေလာ့ကို နှုတ်ဆက်လိုက်ပြီး ပုံမှန်အတိုင်းပဲကျောင်းကိုထွက်လာခဲ့တယ်။ အရာအားလုံးက နေသားကျနေသလိုပုံမှန်အတိုင်းပါပဲ။
ကျောင်းသွားရာလမ်းမှာ သူသဘောကျတဲ့ အမည်မသိ အရောင်ခပ်မှိုင်းမှိုင်းပန်းတွေကလည်း ပွင့်နေတုန်းပဲ။ လမ်းမှာ ဂျယ်ယွန်းတို့ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကျောင်းသားကျောင်းသူတွေတစ်စတစ်စနဲ့ သူ့လိုပဲကျောင်းသွားနေကြတယ်။ နွေတုန်းက တစ်ပင်လုံးနီးပါးကြွေကျသွားတဲ့ သစ်ပင်တွေကတော့ မိုးဝင်လာပြီမလို့ ရွက်သစ်တွေဝေနေတယ်။
စိုထိုင်းတဲ့လေထုနဲ့ မိုးရာသီမနက်ခင်းကတော့ ဂျယ်ယွန်းအတွက် စိတ်အေးချမ်းမှုပါပဲ။ နေသားကျမှုတွေကြားမှာ သူမွေ့လျော်နေရုံပါပဲ။

အထက်တန်းပထမနှစ် တန်းခွဲ(A)ထဲက စာလုပ်ဖို့အဆင်ပြေမယ့်နေရာကို ဝင်ထိုင်ပြီး ကျောင်းတက်မယ့်အချိန်ကိုစောင့်နေလိုက်တယ်။ သူငယ်ချင်းများများစားစားမရှိတဲ့သူမလို့ အထူးတလည် လိုက်နှုတ်ဆက်နေစရာလိုမနေဘူးလေ။ ထိုင်နေပြီး သိပ်မကြာခင်မှာပဲ ကျောင်းခေါင်းလောင်းသံမြည်လာပြီး အတန်းပိုင်ဆရာဝင်လာတယ်။

တစ်ခဏပါပဲ။ ပုံမှန်ဖြစ်နေတဲ့ ဂျယ်ယွန်းရဲ့ဘဝလေးထဲကို ထူးဆန်းတဲ့ခံစားချက်တွေစတင်ဝင်လာတဲ့ တစ်ခဏ။ အတန်းပိုင်ဆရာက ကျောင်းသားသစ်ကို အတန်းထဲဝင်လာဖို့ လှမ်းခေါ်လိုက်တဲ့ အဲ့တစ်ခဏအပြီးမှာ။
နွေခေါင်ခေါင်မှာရွာချလိုက်တဲ့ မိုးပြေးလေးလို ခံစားချက်နဲ့အနှီကောင်လေးဟာ ဂျယ်ယွန်းဘဝထဲကို မမျှော်လင့်ထားဘဲ ဗြုန်းစားကြီး ဝင်ရောက်လာတယ်။

𝘍𝘢𝘭𝘭 𝘪𝘯 𝘭𝘰𝘷𝘦 𝘸𝘪𝘵𝘩 𝘮𝘦 /𝘴𝘶𝘯𝘨𝘫𝘢𝘬𝘦/Where stories live. Discover now