Ep - 1 [ U / Z ]

6 0 0
                                        

ပြာလွင် နေတဲ့ကောင်းကင်ကြီး ရယ် သာသာယာယာကလေး တိုက်ခိုက်နေတဲ့ လေပြေ လေးတွေရယ်  စိမ်းလန်းစိုပြေနေတဲ့ ဥယျာဉ်လေးထဲ သီချင်းလေးတညီးညီးနဲ့ ခြံစောင့်ဦးမောင် တစ်ယောက် အလုပ်လုပ်ရင်အချိန်ကုန်ဆုံးနေလေရဲ့ ။

" ဒီနေ့ ရာသီဥတုလေးကသာယာနေတာပဲ့ "

ကောင်ကင်ကြီးကိုမော့ကြည့်ရင်း ဦးမောင် ဟာတစ်ကိုယ်တည်းရေရွတ်နေလေသည် ။

ထိုအချိန်

" ကျွီ ! "

လီဗာသံခပ်ပြင်းပြင်းနဲ့အတူ ဘရိတ် ဆောင့်အုပ်သံပါတခါတည်း  ကြားလိုက်ရတော့ အသက်ကြီးနေပြီဖြစ်တဲ့ ဦးမောင်ခများ လန့်သွားရှာသည့်သူ့ရဲ့ ရင်ဘတ်ကိုအမြန်ဖိလိုက်ရသည်။

" သခင်လေး  အိမ်တော် ကိုပြန်လာတာလား "

လုပ်လက်စအလုပ်ကိုအမြန်ချထားရင်း  အနက်ရောင်ဆိုင်ကယ်ပေါ်က အနက်ရောင်ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်နေသည့်  သခင်လေး ဆီအပြေးအလွှားသွားကာမေးမြန်ရတော့သည်။

" ဟုတ်တယ် "

ရာသီဥတုက ထင်သလောက်မသာယာဘူးပဲ့ဟေ့  !

အိမ်တော်ထဲဝင်သွားသည့်သခင်ငယ်လေး ကိုကြည့်ရင် ဦးမောင် ခေါင်းတခါခါ နဲ့ရင်မောရပြန်သည်။

အာဏာ သည်  ယနေ့လောင်းကစားဝိုင်းတွင် အကြီးအကျယ်ရှုံးလာကာ သူ့ဆီရှိသမျှအကုန် ကုန်သွားပြီမို့   ဖခင် သူဌေကြီးဆီ လာကာ လက်ဖြန့်လာတောင်းခြင်းသာဖြစ်သည်။ 

သူရှုံးရသည်ကလည်း တစ်ဖက်ကခွေးသူတောင်းစားလေးက လူပါးဝ လိုက်လို့ဖြစ်သည်။ ဒါမဲ့ ဒီသခင် က စိတ်ချမ်းသာနေသည်မို့ လွှတ်ပေးလိုက်တာပင်

ယူစရာရှိတာယူပြီး ပြန်မယ်တွေ့ထားပေမဲ့  မျက်စိရှေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဒေါသငယ်ထိပ်ရောက်ရပြန်ကာ 

" ဒါက ဘယ်လိုစောက်ချိုး ချိုးတာလဲ !! "

အာဏာ သည်  ဧည့်ခန်းထဲ၌ အခန့်သား ရှိနေလေသော် အမျိုးသမီးကြီး ကိုကြည့်ရင်းဒေါသ သံဖြင့်အော်ပြောလေတော့

ထိုအမျိုးသမီးကြီးသည်  အာဏာ ကိုမြင်သောအခါ သူမရဲ့  မျက်နှာလှလှလေး ပေါ်၌ မဲ့ပြုံးလေးတစ်ခုပေါ်လာကာ

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

Toxic Love Where stories live. Discover now