ပြာလွင် နေတဲ့ကောင်းကင်ကြီး ရယ် သာသာယာယာကလေး တိုက်ခိုက်နေတဲ့ လေပြေ လေးတွေရယ် စိမ်းလန်းစိုပြေနေတဲ့ ဥယျာဉ်လေးထဲ သီချင်းလေးတညီးညီးနဲ့ ခြံစောင့်ဦးမောင် တစ်ယောက် အလုပ်လုပ်ရင်အချိန်ကုန်ဆုံးနေလေရဲ့ ။
" ဒီနေ့ ရာသီဥတုလေးကသာယာနေတာပဲ့ "
ကောင်ကင်ကြီးကိုမော့ကြည့်ရင်း ဦးမောင် ဟာတစ်ကိုယ်တည်းရေရွတ်နေလေသည် ။
ထိုအချိန်
" ကျွီ ! "
လီဗာသံခပ်ပြင်းပြင်းနဲ့အတူ ဘရိတ် ဆောင့်အုပ်သံပါတခါတည်း ကြားလိုက်ရတော့ အသက်ကြီးနေပြီဖြစ်တဲ့ ဦးမောင်ခများ လန့်သွားရှာသည့်သူ့ရဲ့ ရင်ဘတ်ကိုအမြန်ဖိလိုက်ရသည်။
" သခင်လေး အိမ်တော် ကိုပြန်လာတာလား "
လုပ်လက်စအလုပ်ကိုအမြန်ချထားရင်း အနက်ရောင်ဆိုင်ကယ်ပေါ်က အနက်ရောင်ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်နေသည့် သခင်လေး ဆီအပြေးအလွှားသွားကာမေးမြန်ရတော့သည်။
" ဟုတ်တယ် "
ရာသီဥတုက ထင်သလောက်မသာယာဘူးပဲ့ဟေ့ !
အိမ်တော်ထဲဝင်သွားသည့်သခင်ငယ်လေး ကိုကြည့်ရင် ဦးမောင် ခေါင်းတခါခါ နဲ့ရင်မောရပြန်သည်။
အာဏာ သည် ယနေ့လောင်းကစားဝိုင်းတွင် အကြီးအကျယ်ရှုံးလာကာ သူ့ဆီရှိသမျှအကုန် ကုန်သွားပြီမို့ ဖခင် သူဌေကြီးဆီ လာကာ လက်ဖြန့်လာတောင်းခြင်းသာဖြစ်သည်။
သူရှုံးရသည်ကလည်း တစ်ဖက်ကခွေးသူတောင်းစားလေးက လူပါးဝ လိုက်လို့ဖြစ်သည်။ ဒါမဲ့ ဒီသခင် က စိတ်ချမ်းသာနေသည်မို့ လွှတ်ပေးလိုက်တာပင်
ယူစရာရှိတာယူပြီး ပြန်မယ်တွေ့ထားပေမဲ့ မျက်စိရှေ့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဒေါသငယ်ထိပ်ရောက်ရပြန်ကာ
" ဒါက ဘယ်လိုစောက်ချိုး ချိုးတာလဲ !! "
အာဏာ သည် ဧည့်ခန်းထဲ၌ အခန့်သား ရှိနေလေသော် အမျိုးသမီးကြီး ကိုကြည့်ရင်းဒေါသ သံဖြင့်အော်ပြောလေတော့
ထိုအမျိုးသမီးကြီးသည် အာဏာ ကိုမြင်သောအခါ သူမရဲ့ မျက်နှာလှလှလေး ပေါ်၌ မဲ့ပြုံးလေးတစ်ခုပေါ်လာကာ
