ထို့နောက် မမြင်ရတာကြာသော ထိုမျက်နှာလေးအား မည်မျှမှ ငေးကြည့်ခွင့်မရလိုက် ရှောင်ပြေးသွားလေသည်။

နီနီလိုက်သွားချင်ပေမယ့် လူအုပ်ကြားထဲသို့ တိုးဝှေ့ပျောက်ကွယ်သွားသော ကျောပြင်လေးကြောင့် နီနီပြေးလိုက်ဖို့အခွင့်မသာခဲ့ပေ။
နီနီလွမ်းနေရသော မျက်နှာလေးကို ​ငေးကြည့်ချင်ပါသေးသည်။ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘူးလားဟုလဲ ပေး၍ဆူချင်ပေမယ့် သူမမှာ နီနီ့ရှေ့တွင်ရှောင်ပြေးသွားလေသည်။နီနီ့ရဲ့ ပုန်းအောင်းနေတဲ့လွမ်းစိတ်တွေအစိုးမရတော့ လူအုပ်ကြားထဲလိုက်ရှာမိသည်။ထို့နောက်..အစီအစဉ် ကြေညာသူစီမှကြားလိုက်သောအသံကြောင့် ခြေလှမ်းများရပ်တန့်သွားသည်။

"စုံညီပွဲတော်ကို လာရောက်ဂုဏ်ပြုပေးကြသော လူကြီးမိဘများကိုအထူးကျေးဇူးတင်ရှိပါတယ်ခမျ...
ယခု အစီအစဉ် ၂ အရ Grade-11 ကျောင်းသူလေး မနော်ထူးလယ်ဖောမှ..ပုရိတ်သတ်များအား
သီချင်းလေးတစ်ပုဒ်ဖြင့်ဖျော်ဖြေမှာပဲဖြစ်ပါတယ်ခမျာ..."

အစီအစဉ်ကြေညာသူ၏စကားအဆုံးတွင် လက်ခုပ်သြဘာသံများ ကျယ်လောင်စွာထွက်ပေါ်လာ၏

နော်ထူးစိတ်လှုပ်ရှားချေပြီ..နော်ထူးရဲ့ဂစ်တာလေးကို ကိုင်ကာ..စင်ပေါ်တက်လာခဲ့သည်။စင်ပေါ်မှာ နော်ထူးထိုင်ဖို့ ခုံလေးတစ်လုံးနှင့် မိုက် stan လေးတစ်ခုရှိပေသည်။ နော်ထူးထိုခုံလေး၌ဝင်ထိုင်ရင်း အရင်မိတ်ဆက်လိုက်လေသည်။

"အားလူံးပဲ မင်္ဂလာပါရှင်..ကျမနမည်က နော်ထူးလယ်ဖောပါ..အခုအားလုံးကို မုန်းခိုင်းတိုင်မမုန်းနိုင်ဘူး ဆိုတဲ့သီချင်းလေးနဲ့ဖျော်ဖြေပါရစေ.."

နော်ထူး၏စကားအဆုံး လက်ခုပ်သံတွေတဖန်ဆူညံလာသည်။
ထို့နောက် နော်ထူး၏ လက်တို့ကိုစတင်လှုပ်ရှားလိုက်သောအခါ
သေသေသပ်သပ် ဂစ်တာသံက ထွက်ပေါ်လာသည်။
ဂစ်တာကိုစည်းချက်မှန်မှန်တီးခက်နေရင်း မျက်ဝန်းကတော့ တစ်စုံတစ်ယောက်ကိုလိုက်ရှာမိသည်။..

"မလွန်ဆန်နိုင်...နှလုံးသားထဲရစ်နှောင်တွယ်...
ပတ်လို့ဖြင့်ထားသော်လည်း..
အတွေးခက်တယ်သံယောဇဉ်..."

အဆုံးရှုံးမခံချင်လို့ ဒီအထိလာရောက်ခဲ့သည်..ဒီတစ်ခါဝေးရင်နော်ထူးသေလိမ့်မည်..။သို့ပေမယ့်တွေ့ပြန်တော့လဲရှောင်ပြေးမိပြန်သည်လေ..မျက်လုံးကိုတစ်ချက်ဝေ့ဝိုက်ရှာကြည့်တဲ့အခါ နော်ထူးမြင်ချင်နေတဲ့ မျက်နှာတော်လေးအား မြင်တွေ့ခွင့်ရချေသည်။

နော်ထူးလဲ သူမမျက်နှာအား စေ့စေ့ကြည့်ကာ အနည်းငယ်မြှင့်၍ ဆိုလိုက်သည်။

"ငယ်ရွယ်သူ...ဖြစ်တော့လဲချစ်တာပဲ..
ဉီးစားပေးသိနေလဲအတွေးခက်တယ်ဇာတ်လမ်းမှာ...
ကြားလူတွေ ဖျက်လို့တော့ နောက်မဆုတ်ဘူး.....
စမိတဲ့အချစ်တွေကို ရုတ်သိမ်းဖို့ မတောင်းဆိုနဲ့ ...
ကိုယ့်အသိထဲ နီ့ တစ်ယောက်ပဲငဲ့ညာမယ်...
တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး....
ဖျက်သိမ်းဖို့မတောင်းဆိုနဲ့.... 
ကိုယ်ဘယ်သူ့မှ ဂရုမစိုက်နိုင်...."

နော်ထူးရဲ့ ခံစားချက်အပြည့်နဲ့သီဆိုနေမှုမှာ ပရိတ်သတ်ရင်ထဲ တိုးဝင်လာသည်။ တချို့သော အချစ်တွေက နာကျင်မှုစပြီး ချိုမြိန်မှာနဲ့အဆုံးသတ်သည်။တချို့ကတော့ ချိုမြိန်မှုနဲ့စပြီး နာကျင်မှုနဲ့အဆုံးသတ်..နော်ထူးတို့ကတော့ နာကျင်မှုနဲ့စပြီး နာကျင်မှုနဲ့ပဲအဆုံးသတ်ချေတော့မည်..။ဒီလိုတော့အဖြစ်မခံနိုင် ကံကြမ္မာဆိုသည့်အရာက ဒီလိုဖြစ်ရမယ်ဆိုရင်တောင် အဲ့ကံကြမ္မာကို နော်ထူးကိုယ်တိုက်ပြောင်းပြန်လှန်ပစ်မိမယ်ထင်ပါရဲ့...။

"ကိုယ့်အသိထဲ..နီ့ တစ်ယောက်ပဲ ငဲ့ညှာမယ်...
တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေးးး....."

"အို ဒီကလေးကွယ်"

နီနီ့ကိုကြည့်ကာ အသံမြှင့်၍ဆိုနေသောကြောင့် နီနီ့ကိုရည်ညွှန်းမှန်းရိပ်မိပါသည်။ဒါကို ဒင်းလေးက နီနီ့
နမည်ပါထည့်ဆိုတော့ ရှက်ရချေသည်။သို့ပေမယ့် သူမမျက်ဝန်းတွေက ခံစားချက်အပြည့်နဲ့ သူ့နောက်လိုက်ခဲ့ရန် ဆွဲခေါ်နေသလိုပင်....နီနီရင်ထဲ တင်းကြပ်​နေသည်လေ..သူမရဲ့ချစ်ရသူကိုမြင်တော့ မျက်စိရှေ့က အပျောက်မခံချင်ပါ ဒါကြောင့် နီနီ့စိတ်ထဲတွင်ဆုံးဖြတ်ချက်တစ်ခုခိုင်မာစွာချလိုက်နိုင်သည်။...
သူတောင်ဒီအထိလာနိုင်သေးတာပဲ နီနီကဘာလို့ သူ့နောက်မလိုက်နိုင်ရမှာလဲ..
သူဖျော်ဖြေပြီးရင် ချိန်းထားတဲ့ပိတောက်ပင်အောက်သို့ နီနီကိုယ်တိုင်ရဲဝံစွာ လျှောက်လှမ်းချေမည်။
ယခုတော့ နီနီ့ချစ်ရသူဆိုတဲ့သီချင်းလေးနားထောင်ရပေဉီးမည်။

တိုသွားရင် တောင်းပန်ပါတယ်ကွယ်...
မအားလို့နားလည်ပေးကြပါဗျ..ပေါ့နေရင်လဲ ပြောပါခမျ ကြိုးစားပြီးရေးပေးနေပါတယ်နော်
စာလုံးပေါင်းမှားရင် ဖြည့်ပြီးဖတ်ပေးကြပါဗျ..<3

မြတ်နိုးရသူWo Geschichten leben. Entdecke jetzt