အခန်း ၁၃/ဝတ်ရုံလက်ဖြတ်

Start from the beginning
                                    

ထို့နောက် ကိုယ်ပေါ်သို့ ရောက်နေသော ခြုံစောင်အစွန်းကို အသာ ဖိချေလျက် မျက်ဝန်းများကို အချိန်အကြာကြီး ပြန်ပိတ်လိုက်တော့သည်။

ကောင်းမွန်စွာ အိပ်စက်အနားယူရန်အတွက်။

× × ×

နောက်တစ်နေ့ နံနက်ခင်းတွင် ကောင်းကင်ယံသ
ည် ပြာလဲ့နေပြီး ရက်ပေါင်းများစွာ  ကျဆင်းခဲ့သော ဆီးနှင်းထုဟာ နို့နှစ်ရောင် တိမ်တိုက်များ
၏ နောက်ကွယ်မှ နေမင်းကြီး၏ အကူဖြင့် ပုန်း
အောင်းသွားချေပြီ။

နန်းတွင်းအစေခံအချို့သည် ယန်ရှင်းအဆောင်တော်ဝင်းအတွင်း စုပြုံနေသော ဆီးနှင်းအကြွင်း
အကျန်များကို အတူတကွ ရှင်းလင်းနေကြသည်။သူတို့ထဲမှ တစ်ဦးက ငုတ်တုတ်ထိုင်၍ တံမြက်စ
ည်းကို မှီနေရင်း ကျန်အစေခံ နှစ်ဦးကို ဝှေ့ယမ်းပြလိုက်သည်။

"ကျုးလန်၊ကျူးဆဲ့ ဒီကိုလာအုံး။ငါ နင်တို့ကို ပြောပြစရာ ရှိတယ်"

ကျူးယွီက ထူးဆန်းသော အမူအရာဖြင့် လှမ်းခေါ်၏။

ကျူးလန်နှင့် ကျူးဆဲ့တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ကျူးယွီရှိရာသို့ ယောင်နန လျှောက်လာကြသည်။ထို့နောက် ကျူးဆဲ့က အ
သံကျယ်ကျယ်ဖြင့် မေး၏။

"ဘာပြောမလို့လဲ"

ယနေ့တွင် နန်းတော်ထဲ၌ ခြောက်သွေ့ပြီး ပျင်းရိဖွယ်ကောင်းသော နေ့တစ်နေ့ဖြစ်ရာ အတင်းအ
ဖျင်းလေး အတန်ငယ်မှ ကြားရရုံဖြင့်တောင် သူတို့ကို အပျင်းပြေစေနိုင်သည်။

ကျူးယွီသည် ဘေးဘီဝဲယာကို အကဲခတ်ပြီးမှ လက်ဖဝါးကို နှုတ်ခမ်းဘေးတွင် အသာကပ်၍ ခပ်တိုးတိုးဆိုလေသည်။

"ငါ နင်တို့ကို ပြောချင်လွန်းလို့ တစ်ညလုံး မနည်းအောင့်ထားရတာ။ချင်ကျူးအဆောင်တော်ကို ရောက်လာတဲ့ တစ်ယောက်ကတော့ အခွင့်ထူးခံလေးဖြစ်သွားပြီဟေ့"

ကျူးဆဲ့က တခစ်ခစ် ရယ်၏။

"ကျူးယွီ နင်ကတော့လေ နန်းတော်ထဲမှာ ရှိတဲ့ လူတိုင်း ဒီသတင်းကို ကြားပြီးနေပြီ။အရှင်ဧက
ရာဇ်ကိုယ်တိုင်တောင် ခေါ်လာပါတယ်ဆိုမှ ဘယ်မှာ သဘောမကျဘဲ နေပါ့မလဲ။အလကား ကြားပြီးတာတွေပဲ လျှောက်ပြောနေ​"

ထိမ်း​​မြားပဏ္ဏာအင်ပါယာWhere stories live. Discover now