အခန်း ၁၃/ဝတ်ရုံလက်ဖြတ်

Börja om från början
                                    

မိမိတို့နှင့် ရန်ဘက်ဖြစ်သော အင်ပါယာသို့ ဓား
စာခံမင်းသားအဖြစ် ရောက်လာသော သခင်လေးလျန်သည် ထိုအချိန်မှစ၍ လည်ပင်းကို ဓားဖြင့် အရွယ်ခံထားရသကဲ့သို့ မျက်ရိပ်မျက်ကဲကြည့်၍ နေလာရသည့်အပြင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဧကရာဇ်နှင့်မှ ကံအကြောင်းမလှစွာ ကြုံဆုံရချိန်ဝယ် အဘယ်မှာ စိတ်ဖြောင့်လက်ဖြောင့် အိ
ပ်နိုင်ပါအံ့။

မင်းမှာ ကြောက်တတ်တဲ့ စိတ်တော့ ရှိသေးသားပဲ

ကျီယွယ့်က နှာခေါင်းရှုံ့လျက် လက်ထဲမှ ခြုံစော
င်ထူကြီးကို ဝေ့လျန်ပေါ်သို့ ပစ်တင်လိုက်သည်။ထို့နောက် ပုတီးစေ့ ကန့်လန့်ကာကို ချ၍ သလွန်တော်ဘေးတွင် ထွန်းထားသော ဖယောင်းတိုင်ကို မှုတ်လိုက်လေသည်။

အခန်းသည် ရုတ်ချည်းသလို အမှောင်ထုထဲသို့ နစ်ဝင်သွားခဲ့သည်။

ထိုမှသာ ကျီယွယ့်သည် နံဘေးတွင် လဲလျောင်းပြီး စောင်ကို ကိုယ်တစ်ပိုင်းလုံရုံမျှ ဆွဲခြုံလျက် မျက်ဝန်းများကို မှိတ်လိုက်တော့သည်။

ဝေ့လျန်ကို သူ ခါးခါးသီးသီး မငြင်းဆန်ခဲ့ပေ။

အကယ်များ လူတစ်ယောက်က သင့်အသက်ကို နှုတ်ယူရန် မဟုတ်ဘဲ နီးကပ်ချင်ရုံမျှသော ရည်ရွယ်ချက်ဖြင့် ဘဝထဲသို့ ရောက်လာပြီးင့်ကို ကြောက်လန့်ခြင်းမရှိ နွေးထွေးစွာ ပွေ့ဖက်ရင်း သာမာန်လူတစ်ပမာ ဆက်ဆံပေးည့်အပြင် သင်နှင့်အတူနောက်ရန် သတ္တိရှိသည်ဆိုလျှင်

ထိုလူကို ခါးခါးသီးသီး ငြင်းဆန်ပစ်ည့် နှလုံး
သားမျိုး အဘယ်မှာ ရှိနိုင်အံ့?

အမှောင်ထုအလယ်တွင်၊ နှစ်နှစ်ခြိုက်ခြိုက် အိ
ပ်ပျော်နေဟန်ရသော ဝေ့လျန်က ရုတ်ချည်းဆိုသလို မျက်ဝန်းများကို ဖွင့်လိုက်သည်။သူ့မျက်
ဝန်းများဟာ စမ်းရေကြည်ပမာ ကြည်စင်တောက်
ပလျက်ရှိသည်။

ထိမ်း​​မြားပဏ္ဏာအင်ပါယာDär berättelser lever. Upptäck nu