"အဲဒါဆို စာအုပ်ထဲက ကိုကိုးက အပြင်မှာတကယ်ရှိတာပေါ့နော်...အဲဒါကလည်း ဘော့စ်ဖြစ်နေတယ်..."
"ဟက်! ဘာမှမအံ့ဩနဲ့တော့ ကိုယ်နားလည်တယ် အဲဒိအချိန်တုန်းက ဝမ်လေးကအရမ်းငယ်သေးတာ"
"ဒါပေမဲ့ တခါတလေအိမ်မက်မက်တယ် အိမ်မက်ထဲမှာလေ ကောင်လေးတစ်ယောက်နောက်ကို ကိုကိုး ကိုကိုးလို့ခေါ်ပြီးလိုက်သွားတာ"
"ဒါပဲလား"
"အင်း.....ကိုကိုးဆိုတဲ့နာမ်စားက စိတ်ထဲမှာစိမ်းမနေဘူး"
"ဟုတ်ပါပြီ အခုကစပြီး ကိုကိုးတို့အချင်းချင်းသိသွားကြပြီမို့လို့ ဝမ်လေးက ဘော့စ်လို့မခေါ်ရတော့ဘူးနော်"
"ဟင် အဲလိုတော့မဖြစ်ဘူးလေ သူများတွေပြောမှာပေါ့"
"ဘာဖြစ်လဲကွ"
"ဒီတိုင်းတောင် ဘော့စ်နားကပ်လို့ပြောခံနေရတာ အဲလိုတရင်းတနှီးခေါ်လိုက်ရင် ပိုဆိုးမှာပေါ့"
"ဘယ်သူကပြောတာလဲ ကိုယ့်ကိုပြော ကိုယ့်အလုပ်ကိုမလုပ်ကြပဲ အတင်းပြောဖို့အချိန်ရှိကြသေးတာလား"
"အာ ဘယ်သူရယ်လို့တော့မဟုတ်ပါဘူး ဒီတိုင်းပဲ....အဲဒါကြောင့်..."
"ဟင်း....ထားပါတော့ကွာ ဒါဆိုလဲ နှစ်ယောက်တည်းရှိတဲ့အချိန်တော့ခေါ်ရမယ် ဘယ်လိုလဲ"
"ဟုတ် ရပါတယ်ဗျ"
"ဒါဆို ခေါ်ကြည့်ပါအုံး ဝမ်လေးဆီက ကိုကိုးလို့ခေါ်သံကြားချင်ပြီ"
ရိပေါ်တစ်ယောက် ရင်ခုန်တာရော စိတ်လှုပ်ရှားနေတာရောပေါင်းပြီး အသံကထွက်မလာချင်ဘူး...
"ကို...ကိုကိုး....ကိုကိုး...."
ရိပေါ်စကားအဆုံး ဘော့စ်မှ ရိပေါ်ကိုရင်ခွင်ထဲဆွဲဖက်ပြီး ခေါင်းလုံးလေးကိုပွတ်ပေးတော့သည်...
"အခုကစပြီး ကိုယ့်ရဲ့အရိပ်အောက်မှာပဲနေရမယ်နော်"
ကိုကိုးရဲ့အပြောကို ရိပေါ်ခေါင်းငြိမ့်မိလားမသိပေမဲ့ ပျော်နေတယ်ဆိုတာတော့ ကြည်လင်နေတဲ့စိတ်လေးကသက်သေပြလို့နေတယ်....။
*ကိုကိုးနားနေရတာ နွေးထွေးလိုက်တာ....
......
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....