"အေးပါကွာ ဒါဆို နောက်မှတွေ့မယ်"
"အိုကေ"
ဟိုက်ခွန်းပြန်သွားတော့ ရိပေါ်အနားကိုပြန်လျှောက်လာရင်း အိပ်ပျော်နေတဲ့ကောင်လေးရဲ့နဖူးပေါ် ဝဲကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးနေမိသည်....
"အင်း.....ဟင့်အင်း ဟင့်အင်း မလုပ်နဲ့ မလုပ်နဲ့!!!"
အိပ်မက်ဆိုးတွေမက်နေပုံရတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ထိတ်လန့်စွာဖြင့်...
"ဝမ်လေး ဝမ်လေးသတိထားအုံး"
"မလုပ်နဲ့!.... ဟင်း ဟင်း...."
မျက်လုံးပွင့်ပွင့်ခြင်းမြင်ရတာက ရင်းနှီးနေကျမျက်နှာကျပ်တစ်ခု.....
"ဘော့စ်? ဘော့စ် ကျွန်တော် ကျွန်တော်...."
"အင်း...ဘာမှမဖြစ်တော့ဘူး ဝမ်လေးအဆင်ပြေတာမို့ ဘာမှမစိုးရိမ်နဲ့တော့နော် ကိုယ်ရှိတယ်"
ဘော့စ်ရဲ့ရင်ခွင်ထဲဖက်တွယ်ထားမိတာကို စိုးရိမ်နေလို့ဘာမှမပြောခြင်းလားဆိုတာ ရိပေါ်သေချာမသိပေမဲ့...ဘော့စ်ဘက်က တကယ်ကို ဘာမှမပြောတာမို့ သူတိုးလို့ပိုဖက်ထားမိသည်....၊ ခဏလေးပဲဖြစ်ဖြစ်ပေါ့....
အချိန်တော်ကြာသည်အထိ လုံခြံတဲ့ရင်ခွင်တစ်ခုမှာ ထိတ်လန့်နေမှုမရှိတော့အောင်နေပြီးတော့မှ ရိပေါ်ဖယ်ခွါလိုက်ပြီး ကုတင်ပေါ်ကဆင်းလို့ ခေါင်းငုံ့ရပ်နေမိသည်....
"တောင်း...တောင်းပန်ပါတယ်ဘော့စ်"
"ဘာဖြစ်လို့?"
"ဟို....."
"ဒီကိုလာအုံး"
ဘော့စ်က ရိပေါ်ကိုလက်ယပ်ခေါ်တော့ အနားသို့တိုးလိုက်သည်...
သို့ပေမဲ့ သူ့ရဲ့လက်ကိုဆွဲပြီး ဘော့စ်ရဲ့ဘေးမှာထိုင်စေတယ်..."ကိုကိုးကိုမမှတ်မိဘူးလား"
"...."
"ဟင်?"
"ကိုကိုး?"
"ဟုတ်တယ် ကိုကိုးလေ"
"တကယ်ကိုကိုးလား ကျွန်တော့စာအုပ်ထဲရေးမှတ်ထားတဲ့ ကိုကိုးဆိုတာလားဟင်"
"အင်း ဟုတ်တယ် အဲဒါ ကိုကိုးကို ဝမ်လေးရေးပြတဲ့စာအုပ်လေး အဲထဲမှာ ဝမ်လေးက ပုံတွေလဲဆွဲပြတယ် နာမည်ရေးပြမယ်ဆိုပြီးလည်း လက်ရေးသေးသေးလေးနဲ့ရေးပြသေးတယ်"
YOU ARE READING
Falling For You
Fanfictionအချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး....