🤍အပိုင်းတစ်ဆယ့်ခုနစ်🤍

Start from the beginning
                                    

* ဟိုက နင့်ကိုချစ်လို့ချည်ချင်နေတာပေါ့
ငတုံးလေးရဲ့မေတ္တာနဲ့ချည်မယ့်ကြိုးကို
ငါတို့သားလေးက ဘာတွေများအလိုမကျနေရတာလဲ။မေမေဖြင့် သားစိတ်ကိုလိုက်လို့မမှီတော့ပါဘူး *

* မေမေမသိပါဘူး..။ဂျောင်ကုက ဂျောင်ကုက လက်ထပ်ပြီးရင် သူ့အတ္တတွေနဲ့သားကိုချည်ထားတော့မှာ မေမေသိရဲ့လား။သားသူ့ကိုကြောက်တယ် "sob" *

မောင့်အတ္တတွေနဲ့ အချည်မခံနိုင်သေးဘူး။

ဂျီမင်က သူ့ခြေထောက်လေးတွေကိုဆိုဖာထက်ကွေးတင်လိုက်ပြီး လက်နှစ်ဖက်ဖြင့်ပိုက်ထားလိုက်ကာ စိတ်တွေသည်ကယောင်ကခြားဖြစ်ရပြန်သည်။

သွားကလေးများနဲ့လက်သည်းကြည်ကြည်လေးတွေကိုတတိတိကိုက်မိရင်း ဟန်မဆောင်နိုင်စွာပဲငိုမိလေတော့ရှိုက်သံလေးများ
က ပလုံစီနေအောင်ထွက်အံလာသည်။

* မဟုတ်တာကွယ် ကြောက်စရာလားမေမေ့ကလေးရဲ့..ဟိုက မေတ္တာပေးချင်နေတဲ့လူပါ မေမေ့သားကိုစိတ်ညစ်အောင်လုပ်မှာမဟုတ်ဘူးနော် မေမေ့ကိုယုံပါကလေးရယ် *

မေမေကို ရှင်းပြလို့လည်းလက်မခံမယ့်အတူတူ သူမျက်လုံးစုံမှိတ်ပြီးသာ အော်ချလိုက်မိတော့တယ်။လက်ထပ်ပါ..လက်ထပ်ပါနဲ့အတင်းတွေတိုက်တွန်းနေရအောင် မေမေက ဘာတွေများသိနေလို့လဲ။

* မေမေ!!သား ပညာတော်သင်သွားချင်သေးတယ်လို့...ဆေးရုံက စေလွှတ်မယ့် ကနေဒါခရီးစဥ္အဖွဲ့မှာ သားပါချင်သေးတယ် *

* အဲ့ဒါများMin-ahရယ် ဘာခက်တာမှတ်လို့ ငါတို့သားမက်လေးက ငါတို့သားလေးသွားချင်တဲ့နိုင်ငံမှန်သမျှကို ကမ္ဘာပတ်ပြီးဟန်းနီးမွန်းပို့မှာပေါ့ *

* မေမေ!!! *

ဒီတစ်နေ့တော့ မေမေ့ကိုရိုင်းပျရတာခွင့်လွတ်ပေးပါ။မေမေဘာမှမသိပါဘူး။ယောကျာ်းပိုက်ဆံနဲ့ဟန်နီးမွန်းထွက်မယ့်အစား တောင်ပေါ်သွားပြီးပဲ ဘုန်းကြီးဝတ်လိုက်မယ်။

* ဒီ​ကောင်လေး..!ကိုယ့်အမေကို အော်စရာလား ကူးကူးလေးနဲ့ဟန်းနီးမွန်းထွက်မယ့်နိုင်ငံထဲမှာထည့်မှတ်လိုက်တော့မယ်နော် *~

လူဆိုးကောင် (completed)Where stories live. Discover now