🤍အပိုင်းခြောက်🤍

5.5K 502 66
                                    

(Unicode)

(အပိုင်းခြောက်)

သုံးနှစ်တိတိကြာသွားခဲ့ပြီးနောက်...

ဟုတ်တယ်။ဒီလိုတွေနေလာရင်းနဲ့ပဲ သုံးနှစ်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုထိရောက်လာခဲ့ပါပြီ။ဂျီမင်သည် ဆိုးလ်ပြည်သူ့ဆေးရုံကြီးကနေ လက်တွေ့ဆင်းမှုပြီးတာနဲ့ဟန်ဆောင်းဆေးရုံမှာ တစ်ခါတည်းအလုပ်ခန့်ခြင်းခံခဲ့ရပါသည်။

အခုထိ ဟန်ဆောင်းဆေးရုံမှာသာ တာဝန်ယူနေဆဲခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။နဂိုဗီဇအရ ဉာဏ်ရည်ထက်ထက်လူငယ်လေးဆိုတော့ ခွဲစိတ်ဓားတရားဝင်ကိုင်ဆောင်ခွင့်ရချိန်မှာလည်း သူ၏တက်ကြွမှုတွေကြောင့်အခြေအနေတစ်ခုအထိ သူချပြနိုင်ခဲ့တယ်။

အလုပ်အပေါ်မှာမခိုကပ်တတ်တဲ့အကျင့်လေးကြောင့် ဒီနှစ်တိုလေးအတွင်းမှာကို ပတ်ခ်ဂျီမင်ဟာ ထိပ်တန်းခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ရပြီးမင်ဟီသည်လည်း အလှအပနဲ့ခရီးသွားအစီအစဥ်တစ်ခု၏ထိပ်တန်းဘလော့ဂါတစ်ယောက်ဖြစ်လာခဲ့လေသည်။

အွန်း...!ချွင်းချက်တစ်ခုကတော့ ကျွန်တော်တို့နှစ်ယောက်လုံး ဂျွန်ဂျောင်ကုအကြောင်းကို မေ့ထားခဲ့ကြတယ်။နည်းနည်းတော့ကို့ရို့ကာယားနိုင်နေမလားမသိပေမယ့် စကားအဖြစ်နဲ့တောင်ထုတ်မပြောဖြစ်ခဲ့ကြပါဘူး။

အဲ့ဒီနောက်ပိုင်းမှာ သူ့အကြောင်းကိုလုံးဝမကြားကြရတော့အထိကို ဂျွန်ဂျောင်ကုဟာကိုယ်တွေဝန်းကျင်ကနေတကယ်ကြီးကို​ခြေရာဖျောက်သွားခဲ့ပါတယ်။သုံးနှစ်ရှိနေပြီ။သူ့အကြောင်းကို တစ်ခါလေးတောင်စုံစမ်းလို့
မရခဲ့ပါဘူး။

အရာရာပြီးခဲ့ပြီးနောက် မင်ဟီကအလုပ်နယ်ပြောင်းလွှဲမိန့်စာကို ကိုင်ပြီးနယ်ပြောင်းသွားခဲ့တာ ဒီနေ့အထိပါပဲ။တိတိကျကျပြောရရင် မင်ဟီနဲ့မတွေ့ဖြစ်တာတစ်နှစ်ကျော်ရှိနေပြီ။
အဖြစ်အပျက်တွေက လျင်လျင်မြန်မြန်ပဲတစ်လှည့်စီကူးပြောင်းနေတာ ထင်တယ်။

ဘဝဆိုတာ ဒီလိုတွေပါပဲ။ခက်ခဲတယ်၊မွန်းကြပ်ရတယ်။ဒါပါပဲ။

* * * * * * * * * * * * * * * * * * * * * * * *

ဂျူတီကုတ်ဖြူလွှလွှလေးနှင့်ဒေါက်တာဂျီမင်မှာအတော်လေးကိုလိုက်ဖက်ညီ ပနံသင့်လှပါသည်။နေ့လယ်ခင်းတစ်ကြော Roundလှည့်ပြီး၍ ဆရာဝန်များနားနေဆောင်ဆီ သူသွားနေရာမှနေ ထမင်းစားဆောင်ဘက်သို့ ပြန်လှည့်သွားတော့သည်။

လူဆိုးကောင် (completed)Where stories live. Discover now