"....."

"ဒီလိုကွာ"

နော်ထူးမှတိတ်ဆိတ်နေသည်။ကြယ်စင်ရောနေတာကိုသူသိပါသည် စကားမပြောချင်သောကြောင့်ငြိမ်နေခြင်းဖြစ်သည် ခုချိန်မှာစကားပြောဖို့လဲအင်အားရယ်လို့မရှိပါဘူးလေ..ဖိတ်စာ..ဖိတ်စာလေးဆီမှာအကြည့်တို့ရောက်နှင့်နေသည်။

"နင်နဲ့နင့်ဆရာမကိုပြန်နီးစပ်အောင်လုပ်ပေးမယ်ငါတာဝန်ယူတယ်....နောက်ပြီး ဆရာမနီနီက နင့်ကိုတကယ်ချစ်တာပါဟာ..နင်အထင်မလွဲပါနဲ့"

"ဟက်!"
ခနဲ့သလိုအသက်မပါပဲ ရယ်လိုက်သည့်နော်ထူးချစ်တယ်တဲ့လား ချစ်တယ်ဆိုဘာလို့ထားသွားတုန်း...
ချစ်တယ်ဆိုဘာလို့ တခြားသူနဲ့လက်ထပ်မယ်လုပ်လဲဆရာမရယ်...​ကြယ်စင် ငါစိတ်သက်သာအောင်များဒီစကားတွေလာပြောနေသလားသူငယ်ချင်းရယ်..
ဒါကတော့ကြယ်စင်မကြားနိုင်မယ့်နော်ထူးစိတ်ထဲကစကားတွေပေါ့..ဘယ်သူမှမကြားနိုင်ဘူးလေ..

"နင်သိလား နင့်အသက်ကိုကာကွယ်ချင်လို့ဆရာမဒီလိုလုပ်ခဲ့တာ..အဖြစ်မှန်းသိရင် နင်ယူကျုံးမရဖြစ်ဉီးမယ်.. နင်ဆရာမကိုအပြစ်မမြင်စေချင်ဘူး လွန်ခဲ့တဲ့ငါးရက်လောက်ကလဲ ငါဆရာမကိုတွေ့ပြီး အော်​ပြော လိုက်တယ်..ဆရာမလုပ်နေတာမှားတယ်လို့အကုန်ပြောလိုက်တယ်..နင်လဲ..နင်လဲဆရာမကြောင့်ခုလိုဖြစ်နေတယ်လို့ပေါ့"

"ဟင်"

"ဟုတ်တယ်..နင်ဆရာမနီနီကိုမပိုင်ချင်ဘူးလားနော်ထူး နင်သူ့ကိုမချစ်ဘူးလား"

"ချစ်တာပေါ့ သိပ်ကိုချစ်တာ ဒေါ်နီနီအောင်ဆိုတဲ့ သူမကိုရင်နင့်အောင်ချစ်ခဲ့ရတာ"

"အေး နင်သူ့ကိုချစ်တယ်ဆို အဆုံးရှုံးမခံနဲ့နော်ထူး..
နင်ချစ်သူတစ်ခြားသူလက်ထဲမှာစိတ်ဆင်းရဲနေမှာနင်ကြည့်နေနိုင်လို့လားနော်ထူး"

နော်ထူးက ခေါင်းကိုသာသာလေးခါပြလေသည်

"အဲ့တာဆိုငါနင့်ကိုအကြံပေးမယ်...လာမယ့်ကြာသပတေးနေ့က..
စုံညီပွဲတော်နေ့..အဆို..အက..တွေလဲဝင်ဆိုဖျော်ဖြေရမှာ အဲ့မှာနင့်နမည်ကိုငါထည့်ပေးထားတယ်..။"

ကြယ်စင်ပြောတော့ ကြယ်စင့်ကိုကြည့်လာတဲ့နော်ထူး..သူမမျက်လုံးတွေက ဘာပြောချင်မှန်းကြယ်စင်သိပါသည်။ကြယ်စင်ပြောတာကိုနားမလည်ဟန်ဖြင့်
ကြည့်လို့နေသည်။

"အင်းဟုတ်တယ်..ငါနင့်နမည်ကိုထည့်ပေးထားတယ် နင်..ဆရာမနီနီဂစ်တာနဲ့သီချင်းဆိုပြချင်နေတာငါသိတာပေါ့..နင်တစ်ယောက်ထဲကြိုးစားလေ့ကျင့်နေတာအချည်းနှီးအဖြစ်မခံနဲ့..ဆရာမကိုချစ်ရင်အဆုံးရှုံးမခံပါနဲ့သူငယ်ချင်းရယ်..ဆရာမလဲနင့်ကိုချစ်နေတယ်ဆို နင်သိထား..တကယ်လို့..ဒီကိစ္စကိုလက်ခံရင်..အဲ့ပွဲနေ့ကျရင်အဆင်သင့်ဖြစ်အောင်လုပ်ထား ငါလာခေါ်မယ်..နောက်ပြီးနင့်ဂစ်တာလေးပါယူခဲ့..နင်ဖျော်ဖြေပြီးရင် တို့တွေဆရာမကိုသွားတွေ့ပြီး နင့်ခံစားရတာကိုပြောပြလိုက် ကျန်တာငါတို့တာဝန်ထား..နော်ထူးအခွင့်အရေးဆိုတာတစ်ကြိမ်ပဲရတာနော်
လက်လွှတ်မခံနဲ့...ဒီတစ်ခါလက်လွှတ်ရင်တစ်ဘဝလုံးဆုံးပြီ..ဒီနေ့စနေနေ့..လာမယ့်ကြာသပတေးကစုံညီပွဲတော်နော်..မမေ့နဲ့..ငါသွားပြီ။"

ထို့နောက်ကြယ်စင်ထွက်သွားသည်။နော်ထူးဘာလုပ်သင့်လဲ ဒီတစ်ခါလက်လွှတ်ရင်တစ်ဘဝလုံးဆုံးပြီတဲ့ ဆရာမကိုအဆုံးရှုံးမခံနိုင်..အနည်းဆုံးတော့ကြိုးစားမယ်..ဆရာမကျမကိုချစ်နေလောက်သေးမှာပါ..ဆရာမမျက်လုံးတွေကညာလို့ရမှာမဟူတ်ဘူး
ဒီလူ့ကိုယုံပြီးဒီလူခေါ်ဆောင်ရာသာလိုက်ခဲ့ပါတော့
ကြောက်စိတ်ဝင်ပေမယ့်လဲ ချစ်ရသူဖို့လေ..ဒီနေ့တော့ထမင်းလေးစားဖြစ်မယ်ထင်တယ် ပွဲနေ့အတွက်ပြင်ဆင်မယ်..ချစ်ရသူကို ပြန်သိမ်းပိုက်မယ်..နှလူံးသားချင်းထပ်တူကြပြီးပြီပဲ..ဘာလိုသေးလဲ..လူကိုညာနှလုံးသားကိုမညာနဲ့ဆရာမ..ဆရာမသာ ခေါင်းတစ်ချက်ငြိမ့် သမီးအရာအားလုံးကိုရင်ဆိုင်ပါ့မယ်ဆရာမရယ်...

......

ဇာတ်လမ်းကပေါ့နေတာကိုလဲသိပါတယ်နော်သည်းခံဖတ်ပေးနေတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ် တိုသွားရင် တောင်းပန်ပါတယ်ကွယ် စာမေးပွဲနားနီးနေတော့စာလုပ်နေရလို့မအားတဲ့ကြားက up လိုက်ပါတယ်ဗျ..စာလုံးပေါင်းမှားတာလေးတွေဖြည့်ဖက်ပေးကြပါနော်..ပြန်မစစ်အားလို့ပါ..<3

မြတ်နိုးရသူWhere stories live. Discover now