အပိုင်း [၈]

Bắt đầu từ đầu
                                    

မြူတွေဆိုင်းလွန်းသဖြင့်
လယ်လမ်းတွေကိုသေချာမမြင်ရ။
ဆိုင်ကယ်စီးရင်းမှ မမပြောသလိုအင်္ကျီလက်ရှည်လောက်တော့
ဝတ်ခဲ့သင့်သည်ဟုတွေးမိသည်။
ပုံမှန်ဆိုမချမ်းတတ်သည့်သူ့အတွက် ဆိုင်ကယ်စီးတော့
လေစိမ်းတွေတိုက်ကာ မြူနှင်းတွေပက်သဖြင့်အဆင်မပြေလှ။

အနူးကလည်း အနွေးထည်ဝတ်ထားတာပင်ချမ်းလို့ထင်
ချမ်းမြေ့ရင်ခွင်ထဲတိုးလာ၏။
သူကိုယ်တိုင်မသိမသာချမ်းနေပေမယ့်
လက်တစ်ဖက်ဖြင့်ဆိုင်ကယ်ခေါင်းကိုထိန်းပြီး
တစ်ဖက်ကတော့ အနူးကိုဖက်ပေးလိုက်သည်။

သူ့ရင်ငွေ့ဖြင့် ဒီကလေးနွေးပါစေတော့.....

...................................

''ကိုရှင်း...ကိုရှင်း စောင့်ပါဦး"

နောက်ကျောမှအသံကြောင့် ရှင်းမြတ်လှည့်ကြည့်တော့
ဘေးအိမ်မှကောင်မလေး ဆုမြတ်သွယ်...
ဒီကလေးမ အတော်လေးချောလှသည်ကိုတော့
ရှင်းမြတ်ဝန်ခံပါသည်။ခုလည်းကြည့်လေ...
အင်္ကျီအဖြူရင်ဖုံးနှင့်ထဘီအစိမ်းဝတ်ကာ
ဆံပင်ကိုတစ်ဖက်စောင်းကာဆံကျစ်ကျစ်ထားသည်ပင်
ကြည့်ကောင်းလွန်းလှ၏။
ရာသီဥတုအေးလို့ထင် အပေါ်မှာအဖြူရောင်ချည်အင်္ကျီဝတ်ထားသည်။

''ဟူး...မောလိုက်တာကိုရှင်းရယ်"

ရှင်းမြတ်အနားရောက်လာသည့်တိုင်
သူမကအမောမပြေသေးပုံနှင့် လေကိုအသည်းအသန်ရှူနေ၏။
မောမှာစိုးရင် ဘာလို့ပြေးခဲ့သေးလဲလို့
မေးလိုက်ချင်ပေမဲ့မကောင်းတတ်၍ ဖွင့်ဟမမေးမိတော့။

''မနေ့ကတည်းက အသွယ့်ပြောထားတယ်လေ၊
ကျောင်းသွားရင်ဝင်ခေါ်ပါဦးလို့"

''အာ...ကိုယ်မေ့သွားတယ်"

ဆုမြတ်သွယ်က သူ့ကိုဝင်မခေါ်သည်ကိုအလိုမကျဟန်
နှုတ်ခမ်းလေးစူကာပြောလာတော့
ရှင်းမြတ်အကြောင်းပြချက်ပေးလိုက်ရသည်။
အမှန်တကယ်တော့ ရှင်းမြတ်မမေ့၊
ဆိုပေသည့် ကိုယ့်ကိုမသိမသာစိတ်ဝင်စားကြောင်း
ပြနေတဲ့ကလေးမနှင့်ကင်းရှင်းချင်၍သာ
မေ့ဟန်ဆောင်ပြီး တစ်ယောက်တည်းထွက်လာခြင်း။

''ထားပါတော့လေ...ခုလည်းကိုရှင်းကိုမီသွားပြီပဲဟာ၊
အတူတူသွားကြတာပေါ့"

ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လှည့်ပါ (COMPLETED) Nơi câu chuyện tồn tại. Hãy khám phá bây giờ