" အင်း မင်းကောင်းဖို့အတွက်ပဲ အရိပ်, ကိုယ်ဝမ်းသာပါတယ် မင်းလက်ခံလို့"

" ဟိုလေ သား အလကားတော့မနေပါဘူး။သားအလုပ်လုပ်ပီး ဦးခွန်းကို အိမ်ငှားခ ပေးပါ့မယ်နော်"

"ဟမ်"

" ဟင် ဘာဖြစ်လို့ ,"

" မပေးလဲ ရတယ်လေ ကိုယ့်အိမ်က တိုက်ခန်းတို့ ဟိုတယ်တို့လိုမှမဟုတ်တာ"

" ဟအင်း သားအလကားမနေချင်လို့ပါ။ ဟိုအိမ်မှာလိုပေါ့ သားအလုပ်လုပ်ရတယ်လေ သူများအိမ်မှာကပ်နေရင် အလုပ်လုပ်ရတယ် အဲ့ဒါမှ အိမ်ရှင်ကကိုယ့်ကို အမြင်ကြည်မှာ ဦးခွန်းရဲ့"

ခွန်း ​ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ စိတ်ဓာတ်ကတော့ ရှယ်ကောင်းနေတော့တာပဲလား အရိပ်ရယ်,
မလုပ်နဲ့ ပြောလိုက်ရင် မပေးနဲ့ ပြောလိုက်ရင် ကိုယ်အဲ့လိုပြောလိုက်ရင် မင်း ကိုယ်နဲ့ လိုက်နေဖို့အစီ
အစဥ်က ပြန်ပြောင်းသွားရင်တော့ ဒုက္ခ။
" အိုခေ လုပ်ဗျာ အရိပ်သဘော!"

"အင်း ဦးခွန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျ"

" ဟုတ်ပါပီး ကဲ ကိုယ်တို့ သွားကြရအောင်"

"ဟုတ်"
ကားကလဲ တရွေ့ရွေ့နဲ့ ပဲ ထိုရွာကနေ မောင်းနှင်းလာခဲ့သည်။ မနက်ကတည်းက ဘာမှမစားရသေးတဲ့ ကောင်လေး ရဲ့ ဗိုက်ကနေလဲ တဂွီဂွီနဲ့ မြည်နေပြီးလေ။ နေ့လည်စာ စားချိန်တောင် လွန်သွားပြီးကိုး။
" ဂွီဂွီ! "
ဆိုတဲ့အသံကြောင့် အရိပ် ကိုယ့်ဗိုက်ကို ဖိလိုက်သည်။ ခွန်းလဲ ကားမောင်းနေရင်း ဘေးနားကဗိုက် မြည်နေတဲ့ ကောင်လေးကို ကြည့်လိုက်သည်။
" ခနစောင့် ကိုယ် တို့ တစ်ခုခုသွား စားကြမယ်"

အရိပ်ခေါင်းကိုသာငြိမ့်ပြလိုက်သည်။
အရမ်းကြီးလဲ မခင်တွယ်နေတော့ စကားစမြည်းပြောကြဖို့ကလဲ မဖြစ်သေးပါ။ ဒီတိုင်းသာဘေးမှာ ငြိမ်ငြိမ်လေးထိုင်ရင်း ခနအကြာမှာတော့ စားသောက်ဆိုင်တစ်ဆိုင် ရှေ့ရောက်တဲ့အခါ ခွန်းလဲ ကားကို ရပ်လိုက်သည်။ ထို့နောက်၂ယောက်သားကားပေါ်ကနေ ဆင်းလာခဲ့သည်။
" ခြေထောက်ကလျှောက်လို့ အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်ဦးခွန်း"

"အင်း လာ"
အရိပ်က ခွန်းရဲ့ဘေးနားကို သိပ်မကပ်ရဲ ပဲ နည်းနည်းခွာပြီး ဘေးချင်း လျှောက် သွားသည်။ အကြောင်းကတော့ သန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ ဦးခွန်းနဲ့ ပေတိပေစုတ် ညစ်နွှမ်း လှတဲ့ ဝတ်စုံကို ဝတ်ထားတဲ့ သူ့လိုလူက ဘယ်လိုလုပ်ပီး ယှဥ်လျှောက်ရဲမှာလဲ။ ကြောက်တယ်,လူတွေကဲ့ရဲ့ကြမှကို။ ဘယ်လိုပဲ သူက ကိုယ့်ကိုခင်နေပါစေ ။ ကိုယ့်နေရာကိုယ် သိရမှာပေါ့။

ကို့အရိပ်.....Where stories live. Discover now