42 9 2
                                    

ချန်း​ယောလ်​တို့ စာသင်​ဝိုင်းစတာ တစ်​လပြည့်​ဖို့ သုံးရက်​လို​သော ​နေ့တွင်​ ဂိုက်​ဆရာ​လေး၏ စိတ်​အ​ခြေအ​နေသည်​ သိသိသာသာ အဆင်​​ပြေမ​နေခဲ့​ချေ။

ပြို​တော့မည့်​မိုးလို စိတ်​အ​ခြေအ​နေကို အပြုံးမပျက်​ ဟန်​လုပ်​​နေ​ပေမယ့်​ ဂိုက်​ဆရာ​လေး မ​ပျော်​တာကို ချန်း​ယောလ်​ အလိုလို ခံစားမိသည်​။

ဂိုက်​ဆရာ​လေး၏ မျက်​နှာချင်းဆိုင်​​နေရာတွင်​ ရပ်​ပြီး ချန်း​ယောလ်​၏ ပခုံးသာသာရှိ​သော ခန္ဓာကိုယ်​​လေးကို ​ထွေး​ပွေ့ကာ ​ကျောပြင်​ငယ်​ကို ခပ်​ဖွဖွပွတ်​၍ စိတ်​​အေးသက်​သာ​စေရန်​ ချန်း​ယောလ်​ ​ဖြေသိမ့်​​ပေးချင်​မိသည့်​စိတ်​က တဖွားဖွား။

သို့​သော်​ စိတ်​ကူးနှင့်​ လက်​​တွေ့ မကျနိုင်​သည့်​ ခဏတွင်​ ပြဿနာ၏ အဓိက လက်​သည်​ဖြစ်​​သောသူကိုသာ ကြိတ်​ကာ ​မေတ္တာပို့မိသည်​။

ဂိုက်​ဆရာ​လေးကို စိတ်​မ​ပျော်​​အောင်​လုပ်​သည်​က တခြားသူ​တော့မဟုတ်​။

ချန်း​ယောလ်​၏ ​ဘေးတွင်​ အရိပ်​မသိ၊ အကဲမသိနှင့်​ ထိုင်​​နေသည့်​ ဆယ်​ဟွန်းပင်​။

"Hyung ကျ​နော်​ ကျူရှင်​ ​ပြောင်းချင်​လို့ရလား"

ဂိုက်​ဆရာ​လေး၏ အိမ်​သို့ ​ရောက်​ကာ စာ စသင်​သည့်​အချိန်​တွင်​ ဆယ်​ဟွန်းက ကျူရှင်​အသစ်​ကို ​ပြောင်း​တော့မည့်​အ​ကြောင်းကို ​ပြောလာ​တော့ ဂိုက်​ဆရာ​လေး မျက်​နှာတစ်​ချက်​ပျက်​သွားခဲ့သည်​။

ဆယ်​​ယောင်းနှင့်​ ဆယ်​ဟွန်းတို့နှစ်​​ယောက်​လုံး သတိထားမိဖို့ရာအထိ အချိန်​မကြာလိုက်​​ပေမယ့်​ ဂိုက်​ဆရာ​လေး၏ အပြုအမူများကို အချိန်​ပြည့်​ အကဲခတ်​​နေ​သော ချန်း​ယောလ်​က​တော့ မြင်​ဖြစ်​​အောင်​ကို မြင်​လိုက်​ရသည်​။

"ရတယ်​​လေ။ ​ပြောင်း​ပေါ့.... ကျူရှင်​အသစ်​​ရော ရှာထားပြီးပြီလား"

အနည်းငယ်​တုန်​ရီ​နေသည့်​ အသံကို ထိန်းကာ ဆယ်​ဟွန်းကို ​မေးလိုက်​သည့်​ ဂိုက်​ဆရာ​လေးကို ချန်း​ယောလ်​ နည်းနည်း​တော့ ​မေးကြည့်​ချင်​မိသည်​။

ဘယ်​ လို လဲ....​ဒေ စီWhere stories live. Discover now