ရက်စက်လွန်းပါသည်ဆိုသော စကားကိုပဲ သုံးရမလား၊ ထင်ရက်ပါပေ့ဆိုသည့် စကားကိုပဲ သုံးရမလား ဝေခွဲရခက်စွာဖြင့် မနေ့ညကတိုင် သည်နေ့အထိ ချန်းယောလ်လေးမှာ ဖင်တကြွကြွ ဖြစ်နေရသည်။
တစ်နေ့လယ်ခင်းလုံး သင်ကြားသော သင်ခန်းစာများတွင်လည်း အာရုံစူးစိုက်ထားလို့မရပဲ ညနေချိန်ကိုသာ မြန်မြန်ရောက်ချင်နေသည့် ချန်းယောလ်၏ စိတ်အစဉ်ကလည်း ရထားဖြတ်မောင်းနေသလိုပင် တဂျုံးဂျုံးနှင့်။
စောင့်ဆိုင်းနေကာမှ အချိန်ကုန်လွန်သည်က ပို၍ နှေးလာသည် ထင်ရအောင် နာရီစက်သံ တစ်ချက်ချက်က တစ်ခုနှင့် တစ်ခုအကြား အချိန်အလွန်ခြားနေသလိုပင်။
မှတ်မှတ်ရရပြောရမည်ဆိုလျှင် ထိုနေ့က အတန်းထဲတွင် ချန်းယောလ် ခါတိုင်းရက်များလို ခေါင်းပြားအောင် အိပ်ဖို့ရန် မေ့နေခဲ့သည်။
ဂိုက်ဆရာလေးကို ဘယ်လိုဖြေရှင်းပြရမည်လဲဆိုသည့် အကြောင်းကိုသာ ထပ်ခါထပ်ခါ တွေးပြီးရင်း တွေးနေခဲ့မိသည်။
ညနေကျောင်းဆင်းတော့ ချန်းယောလ်အိမ်ကို မည်သို့ပြန်ရောက်လာခဲ့သည်ကိုပင် မမှတ်မိတော့။
ဂိုက်ဆရာလေးဆီသို့သွားရန် ဆယ်ဟွန်းနှင့် ဆုံနေကြနေရာလေးသို့ ချန်းယောလ်ရောက်နေတာ ကြာသည့်တိုင် ဆယ်ဟွန်းရောက်မလာသေးတော့လည်း ဆယ်ဟွန်းအိမ်အထိ ချန်းယောလ်လေး စက်ဘီးနင်းကာ အပြေးသွားရသည်။
"ဘာလဲဟ.... အစောကြီး"
ဆယ်ဟွန်းတို့အိမ်ထဲ ဝင်လိုက်သည်နှင့် ဦးစွာ နှုတ်ဆက်လာသော ဆယ်ဟွန်းစကား။
ကျောင်းဝတ်စုံပင် မလဲရသေးသော ဆယ်ဟွန်းက ပါးစပ်ထဲတွင် ပေါင်မုန့်ချောင်းကို ကိုက်လျက် ချန်းယောလ်အား မေးငေါ့မေးသည်။
"မပြီးသေးဘူးလား... ကြာလိုက်တာ။ စောင့်နေတာ မလာနိုင်လို့ လိုက်လာခဲ့တာ"
YOU ARE READING
ဘယ် လို လဲ....ဒေ စီ
隨機ရှင်သန်ရတဲ့ရည်ရွယ်ချက်တိုင်းက ခင်ဗျားလေးအတွက် ဖြစ်နေရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မယဉ်ခဲ့ဖူးသလို၊ အိပ်မက်ထဲလည်း ထည့်မမက်ခဲ့ဖူးတာ...