"အေးလေ ဟုတ်တယ် တကယ်ဆို တရားမဝင်ဘူးရိပေါ်"

"ဟူး...ငါသိပါတယ်ကွာ တကယ်တော့ ဟိုတလောက ငါမူးပြီး ဘော့စ်ကိုပြောချင်ရာတွေဇွတ်ပြောပြီး သူ့အပေါ်အန်ချမိသွားတယ်ကွ....ဇာတ်လမ်းကအဲကစတယ်ပဲပြောရမလား သူဌေးတစ်ယောက်အပေါ်အဲလိုလုပ်မိလို့ အပြစ်ဒဏ်ခံယူမလား သူခိုင်းဖို့ခေါ်တဲ့အချိန် အမြဲအဆင်သင့်ဖြစ်နေမလားရွေးချယ်ခိုင်းတာနဲ့ ငါလဲသူခိုင်းတာပဲလုပ်မယ်လို့ရွေးလိုက်မိတာ အဲဒါပဲ....မင်းတို့သိတယ်မလား ဒီမှာက လစာလဲအဆင်ပြေ လုပ်ရတာလဲအဆင်ပြေဆိုတော့ ဒီကနေ ဘယ်မှမသွားချင်တော့ဘူးကွ"

"မင်းဟာကလဲကွာ....သူဌေးကမဟုတ်တာတော့မလုပ်ဘူးမလား"

"မလုပ်ပါဘူး တခါတလေဇီဇာကြောင်တတ်ပေမဲ့ ဘော့စ်ကသဘောကောင်းပါတယ် ငါ့ကိုခေါ်ခိုင်းတယ်ဆိုတာလဲ အထုတ်သယ်ဘာညာလောက်ပါပဲ"

"အင်း တော်သေးတာပေါ့"

ထိုနေ့ကတော့ ရိပေါ်တစ်ယောက် စပ်စုချင်တဲ့မျက်လုံးတွေကြား ရှောင်ရှားပြီး အလုပ်လုပ်ခဲ့ရသည်....။

.........



"ပါပါး! ကျွန်တော်ပြန်လာ....ဟင် ဒါက ဘာတွေလဲ"

ရိပေါ် အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ပြောင်းလဲသွားတဲ့ပရိဘောဂပစ္စည်းတွေကြောင့် အံ့အားသင့်သွားသည်....၊
နဂိုသစ်သားဆက်တီခုံတွေအစား ပျော့ပျော့အိအိဆိုဖာခုံတွေ၊ နဂို tv သေးသေးအစား နောက်ဆုံးပေါ် နံရံကပ် tv၊
ပြီးတော့ ကြမ်းပြင်မှာခင်းတဲ့ကောဇောကအစပြောင်းလဲနေတာ.....

"သား ပြန်လာပြီလား"

"ပါပါး ဟင်! ပါပါး ဝှီးချဲက?"

"ငါ့သားကတော့ကွာ....ဒါ သားရဲ့သူဌေးက သားအလုပ်မှာတော်လို့ဆုချတာဆိုပြီး လာပြင်ဆင်ပေးသွားတာလေကွာ ပါပါးတို့မှာ ရုတ်တရတ်ကြီး သားသူဌေးရဲ့အတွင်းရေးမှူးဆိုတဲ့သူရောက်လာလို့ လန့်သွားတာပဲ အစက အလုပ်မှာအဆင်ပြေတယ်လို့ပြောခဲ့တဲ့သားရဲ့စကားကို ပါးစိတ်ချမ်းသာအောင်ပြောခဲ့တာလို့ပဲထင်ခဲ့တာ"

"ဟင်..."

"အော် ပြီးတော့ရှိသေးတယ် ပါးကိုဝှီးချဲလဲပေးသွားရုံမကဘူး ပါးရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ကုသဖို့ဆေးရုံမှာစာရင်းပေးထားပြီးပြီ သားရဲ့ကုမ္ပဏီက လစဉ်ထောက်ပံ့မယ်တဲ့ အင်း.....အခုလိုဆိုတော့ သားကိုပါပါးစိတ်ချလို့ရပြီထင်ပါရဲ့ သားလည်းဆက်ကြိုးစားနော် သားရဲ့မာမားလဲဝမ်းသာနေတယ်သိလား"

Falling For YouWhere stories live. Discover now