"ကျန့်ကျန့် ဒီကောင်လေးကသားရဲ့ကားပေါ်ဘယ်လိုရောက်နေတာလဲ"

ကားပေါ်မှဆင်းလာတဲ့ရိပေါ်ကို လက်ညိုးထိုးပြီးမေးလာတဲ့မားကြောင့် ရှောင်းကျန့်စိတ်ညစ်သွားသည်....တကယ်ဆို ဝမ်လေးနဲ့မားတို့ထိပ်တိုက်တွေ့ဖို့စောလွန်းနေတာမို့....။

"ကျွန်တော်ခေါ်သွားတာမား ရိပေါ် ဆိုင်ထဲဝင်တော့နော်"

"ဟုတ် သွားလိုက်ပါအုံးမယ်ခင်ဗျ"

ရှောင်းကျန့်တို့ကြားထဲ ရို့ရို့ကျိုးကျိုးထွက်သွားတဲ့ရိပေါ် ဆိုင်ထဲဝင်သွားတာသေချာပြီဆိုမှ....

"ကျွန်တော်လဲ ကုမ္ပဏီသွားတော့မယ်မား"

မားတို့ကိုနှုတ်ဆက်ပြီးတာနဲ့ ရှောင်းကျန့်လဲပြန်ထွက်လာခဲ့တော့သည်....၊ ကျန်ခဲ့သူယွင်အာကတော့ ဆိုင်ထဲကိုတလှည့် ထွက်သွားသော ရှောင်းကျန့်ရှိရာတလှည့်ကြည့်ရင်း အဓိပ္ပာယ်မည်မည်ရရမရှိသော အပြုံးတစ်ခုဖြင့်.....။

...

"ရိပေါ် မင်းကိုသူဌေးဘယ်ခေါ်သွားတာလဲ"

"ဟင် မင်းတို့ကဘယ်လိုသိတာလဲ"

"ဟဲ့ ဘယ်လိုသိရမှာလဲ နင်သူဌေးကားပေါ်တက်သွားတာ မြင်လိုက်တဲ့သူရှိတယ် အခုဆိုဆိုင်မှာပွနေတာပဲ ဝမ်ရိပေါ်က သူဌေးကိုဘာတွေမြူစွယ်ထားလဲမသိဘူးဆိုပီး"

"ချီးကို ငါကဘာလို့မြူစွယ်ရမှာလဲဟ ဘော့စ်ခိုင်းတာ လိုက်လုပ်နေရတာကိုး လူတွေကလဲနော်"

ရိပေါ် ဝန်ထမ်းတွေပစ္စည်းထားရာ locker ခန်းထဲရောက်တာနဲ့ အနောက်ကနေလိုက်လာတဲ့ ဖန်ရှင်းနဲ့ချီချီက ရိပေါ်ကိုတန်းပြီးဖောက်သည်ချကာ သူတို့သိချင်တာမေးပါတော့တယ်....
ရိပေါ်ရဲ့ကောလဟာလတွေကြောင့် ဆိုင်ထဲဝင်လိုက်တာနဲ့ ကြည့်လာတဲ့မျက်လုံးတွေက ထူးဆန်းနေပါတယ်လို့...

"အစ်မကျူးကျူးရော ဘာပြောသေးလဲ"

"ဘာမှတော့မပြောဘူး"

"အင်း ဘော့စ်က သူ့ကိစ္စတွေဝိုင်းကူလုပ်ဖို့ အစ်မကျူးကျူးကိုကြိုပြောထားတယ်ထင်တယ်"

"ဒါနဲ့သူဌေးကရော မင်းကိုဘာလို့သူသွားလေရာခေါ်ခိုင်းနေရတာလဲရိပေါ် တကယ်ဆို မင်းအလုပ်က သူ့ PA မဟုတ်ဘူးလေ"

Falling For YouTempat cerita menjadi hidup. Temukan sekarang