စာအုပ်မိတ်ဆက် ฅ՞•ﻌ•՞ฅ

42 4 0
                                    

စာအုပ်မိတ်ဆက် ฅ՞•ﻌ•՞ฅ

ရိုးရိုးလေးပါပဲ နေ့တိုင်း မင်းနဲ့စကားပြောမယ်
ဘာတွေရေးဖြစ်မလဲ မသေချာတဲ့ စာအုပ်လေးတစ်အုပ်ပါပဲ

ဘဝမှာ နေထိုင်ရင်း ကြုံတွေ့ရတဲ့ အကြောင်းအရာပိစိလေးတွေလဲ ပြောပြဖြစ်မယ် ကြီးကျယ်ခမ်းနားတဲ့ ဒဿနတွေလဲ ဆွေးနွေးဖြစ်ရင်လဲဆွေးနွေးဖြစ်မယ်။
ရှင်သန်ရင်း ကျရှုံးခဲ့တာတွေ အောင်မြင်ခဲ့တာတွေလဲ ပြောပြဖြစ်အုံးမယ်

ကြီးပြင်းလာရင်း နူးညံ့တဲ့အချစ်ပန်းခင်းတွေအကြောင်း စာဖွဲ့ပြမိမယ်
ငိုကြွေးရင်း ရင်နာခဲ့ရတဲ့ မေ့ပစ်ချင်လောက်တဲ့ ခပ်ဆိုးဆိုးအတိတ်တွေကိုလဲ ရေးချရင်း သင်ခန်းစာ မှတ်မိမယ်။

နေ့တိုင်း စကားပြောမယ် ပြီးတော့ နေ့တိုင်းနားထောင်မယ် ဘဝတွေအကြောင်း အတွေးတွေစိတ်ကူးစိတ်သန်းတွေအကြောင်း

ဒီစာအုပ်လေးမှာ စာဖတ်သူတို့ပြောပြချင်တဲ့အရာတွေ ဖွင့်ပြောလို့ရမယ့် နေရာလေးတစ်ခု ရှိနေမယ်။
နားထောင်ချင်တယ် ထပ်တူခံစားနားလည်ပေးချင်တယ်။

ဒီနေရာလေးကနေ စာဖတ်သူတွေနဲ့ အတူရှိခွင့်ရချင်တယ်။
ရိုးရိုးလေးပါပဲ နေ့တိုင်းမင်းနဲ့စကားပြောမယ် (๑•ᴗ•๑)♡

ℝ𝕚🌼✨
07/01/2023

နေ့တိုင်းမင်းနဲ့စကားပြောမယ်Where stories live. Discover now