Arc(13.1) Cristan Gabriel

Start from the beginning
                                    

.............

ရှောင်းကျန့်မှာ ပျောက်နေတဲ့ kitty ကြောင့် ဘာလုပ်ရမလဲ မသိဖြစ်နေရသည်။

ဇာတ်ကြောင်းကိုလည်းအခုထိ မသိရသေးပေ။

" ခရစ်စတန် ကျွန်မတို့ လူရှင်းတဲ့နေရာကိုသွားရအောင် ''

" အော် အင်းအင်း... ဟမ် ဘာ!!''

မယောင်မလည်နဲ့ အနားကို ရောက်လာတဲ့ သူမက ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ပြရင်း အလာကြီး ပြောတော့ ရှောင်းကျန့်မှာ နားကားသွားရသည်။

မိန်းကလေးက အလွန်ရက်ရောနေတာပဲ။
ဆိုတော့ ငါကသေချာပေါက် ချောမောပြီး ရုပ်ရှိရေလျှံ သူဋ္ဌေးသားလေးမို့ဖြစ်မယ်။

" ဘာတွေတွေးနေတာလဲ ၊ လာ ကျွန်မနဲ့လိုက်ခဲ့''

မိန်းကလေးက လက်ရဲဇက်ရဲ ဆွဲခေါ်သွားသည့် အတွက် သူ့မှာ ယက်ကန်ယက်ကန်နဲ့ ပါလာခဲ့ရသည်။

နေစမ်းပါအုံး ၊ မိန်းကလေးကလည်း သန်လှချည်လား။

ရှောင်းကျန့်ရဲ့လက်ကို သူမက လွှတ်ပေးလိုက်သည့်အချိန် ပတ်ဝန်းကျင် ဘာညာသာဒကာ အနေအထားသည်ကား..

လူရှင်းတဲ့ ရေကူးကန်အနားမှာ ဖြစ်ပြီး ထိုကောင်မလေးက စကားစ လာတာဖြစ်သည်။

" Host ကျွန်တော်ပါဗျ ''

" ဘယ်သူ??''

ရှောင်းကျန့်က သူမဆီက စကားသံကြောင့် အံ့သြသလို ဖြစ်သွားရပြီး မျက်လုံးလေးတွေ ပြူးကျယ်သွားရသည်။

" Kitty လား ''

" Bingo! တော်လိုက်တာ ၊ ကျွန်တော်ပါပဲ ''

ရှောင်းကျန့်က Kitty ရဲ့စကားကို ကြားပြီး နားမလည်နိုင်ဖြစ်သွားရကာ မေးခွန်းထုတ်လိုက်သည်။

" ဒါနဲ့ မင်းက ဘယ်လိုဖြစ်ပြီး အခုလိုမျိုး လူသားမိန်းကလေးဖြစ်နေရတာလဲ ''

" ကျွန်တော်လည်း Host နောက်ကိုလိုက်ခဲ့တာပဲဗျ ၊ ရောက်ရောက်ချင်းတုန်းက ကြောင်ပါပဲဗျာ.. ဇာတ်ကြောင်းကို အထက်ကချပေးပြီးတော့ Host ဆီ ပြန်လာတော့  ကြောင်မဟုတ်ဘဲ လူသားမိန်းမ ဖြစ်နေတယ် .စိတ်ညစ်လွန်းလို့ သေတော့မလိုပဲ ''

Peculiarly System [Completed ]Where stories live. Discover now