📩 ဘာလုပ်နေလဲ!

"ကျစ် ဖုန်းကိုင်လို့မှမရတာပဲ"

📩 ကိုယ်နဲ့ပတ်သတ်တဲ့သတင်းတွေ ဘာသတင်းမှမယုံနဲ့

ရှောင်းကျန့်ကတော့ တစ်ယောက်ယောက်ကိုစိုးရိမ်စိတ်နဲ့စာပို့လိုက်တာပဲ...သိူ့ပေမဲ့ ထိုတစ်ယောက်ယောက်က ထမင်းစားချိန်လေးဖုန်းကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့စာကြောင့် ခေါင်းကုတ်ရင်း...တွေးစရာတွေအများကြီးဖြစ်နေတယ်....

*ဘော့စ်နဲ့ပတ်သတ်တဲ့သတင်းက တနေကုန်တက်နေတာလေ ဘာဖွင့်ပွဲလုပ်ပြန်ပီ၊ ဘယ်နားသွားလှူပြန်ပီ၊ ဘာပစ္စည်းထုတ်လိုက်ပြန်ပီ အဲဒါကို ဘာမှမယုံနဲ့ဆိုတော့ ဘာလဲ ဘော့စ်က လိမ်နေတာလား

............







"ဘာ! ငါ့သမီးရဲ့စေ့စပ်ပွဲသတင်းတွေကပျောက်သွားပြီဟုတ်လား"

"ဟုတ်တယ်အစ်ကိုကြီး ကျွန်တော်သတင်းတင်လိုက် ပျောက်သွားလိုက်ဖြစ်နေတာ ဟို ဥက္ကဌရှောင်းလုပ်နေတာများလား"

"ကြည့်ရတာ ရှောင်းကျန့်က ငါ့သမီးကိုလုံးဝစိတ်ဝင်စားပုံမရဘူး တခြားရည်းစားရှိတယ်လို့လဲမကြားမိပါဘူး ဘာပဲဖြစ်ဖြစ် ကောင်းမု မင်း ရှောင်းကျန့်ကိုစောင့်ကြည့်ထားပါ တစ်ခုခုထူးတာနဲ့ငါ့ကိုပြော"

"ဟုတ်ကဲ့ အစ်ကိုကြီးစိတ်ချပါ ဥက္ကဌရှောင်းက ယွင်အာလေးအတွက်ပဲဖြစ်စေရမယ်"

......

📲 ဝမ်ရိပေါ်ကို ဖုန်းပေးလိုက်

ရိပေါ်မှာ customer ကို ဆေးဆိုးတာ ဝိုင်းကူနေတဲ့အချိန် ဝမ်ရိပေါ် ဖုန်းလာနေတယ်ဆိုတဲ့ခေါ်သံကြောင့် တခြားလူကိုအစားထိုးခဲ့ပြီး ဖုန်းလာဖြေရသည်....ဆိုင်ဖုန်းကိုဆက်လာတာကြောင့် ထူးထူးဆန်းဆန်းဖြင့် ဖုန်းကိုင်လိုက်တော့....

📲ဟယ်လို

📲 ဝမ်ရိပေါ် ကိုယ်ပို့တဲ့စာကိုမဖတ်ရသေးတာလား

📲 ဗျာ!

ဖုန်းကိုနားမှခွါပြီး ဘယ်သူဘယ်ဝါခန့်မှန်းပေမဲ့ မသဲကွဲတာကြောင့် ကောင်တာကအစ်မကိုမေးကြည့်တဲ့အခါ....

Falling For YouWhere stories live. Discover now