||24||

2.4K 121 2
                                    

Unicode

အကောက်တော်စိန်လေးက
ပြသနာကွင်းကနေပြန်လာပြီးကတည်းက
အခု့ထိစကားမပြောသေး။

စူပုတ်ပုတ်နဲ့လုပ်နေသေးသည်။

ဇုန် အခန်းမီးအကုန်ဖွင့်လိုက်ပြီးကုတင်ပေါ်
စူပုတ်နေသူလေးနဲ့မျက်နှာခြင်းဆိုင်
ထိုင်လိုက်သည်။

ဟော့။ကောက်ပြီးကျောပေးသွားပြန်ပြီ။
အသည်းယားအောင်သိပ်လုပ်တဲ့baby ။

" baby ''

"..ဟင့်.. !''

နှုတ်ခမ်းလေးထှော်မျက်စောင်းလေးလှည့်ထိုးပြီး
တစ်ဖက်လှည့်သွားပြန်သည်။

" daddy ကိုမကြည့်ဘူးပေါ့လေ.
Daddy ပြောတာနားမထောင်တော့ဘူးလား...''

ထိုအခါမှ မျက်နှာခြင်းပြန်ဆိုင်လာသူ။
မျက်လုံးလေးဝိုင်းဝိုင်းနဲ့ငူစူစူလေး
လုပ်ပြီး။

" daddy ကသားကိုညာဒါကို''

" daddy ညာထားဒါမဟုတ်ပါဘူး..
Baby ဂျစ်တူးလေးစိတ်ညစ်မှာစိုးလို့
မပြောပြတာပါ..daddy လူဆိုးကြီးကို
စိတ်မဆိုးပါနဲ့''

" ဟင့်..ဒါဆို..သားကိုဘယ်သူသတ်ခြင်တာလည်း
ပြောပြ''

သတ်ကွင်းကနေ လာကူသူတွေကြောင့်လွှတ်မြောက်ခဲ့
ပေမဲ့ဂျစ်တူးရဲ့သိလိုစိတ်မေးခွန်းကနေတော့
မလွှတ်မြောက်နိုင်ခဲ့။

" အင်..baby မငိုဘူး..အရင်ကတိပေး''

"သားက..ဘယ်တုန်းကလွယ်လွယ်ငိုတတ်လို့လဲ''

" အင်.. တစ်ခြားသူတွေနဲ့တော့
လွယ်လွယ်မငိုဘူးပေါ့။daddy နဲ့ဆိုရင်တော့
ဒီအဆိုးလေးကသိပ်မျက်ရည်လွယ်လို့
ပြောနေတာပါ''

နာရိုးလေးကိုမနာအောင်ဆွဲညစ်ရင်း
ဇုန်ပြောလိုက်တော့မျက်လုံးလေးကလယ်ကလယ်နဲ့
အနည်းငယ်ပြုံးလာသူလေး။

" ဒါကချစ်လို့ဆိုးတာလေ..
မညိုညင်ပါနဲ့''

" ဟားဟား..မညိုညင်ရပါဘူးဗျာ..
ကြိုက်သလောက်ဆိုးပါ။ဒါပေမဲ့
Daddy တစ်ယောက်ထဲကိုဘဲဆိုးရမယ်နော်''

" အင်..''

ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြနေသူကို
အသည်းယားလွန်းလို့နဖူးပြင်ကိုတစ်ချက်ငုံ့မွေးကြူ
လိုက်သူဇုန်။

Daddy ရဲ့ baby ဂျစ်တူး ( Un +ZG)Where stories live. Discover now