"ဆရာမ ဆရာမတကယ်ထွက်မသွားဘူးနော်
ဆရာမက သမီးနဲ့ဝေးရာကိုထွက်ပြေးသွားပြီထင်နေတာ ဆရာမရယ် ဟင့်.."
နီနီ့ကိုမြင်တာနဲ့ ထွက်မသွားဘူးနော်လို့တဖွဖွပြောကာ ရင်ခွင်တိုးဝင်နေသော ကလေးကြောင့် နီနီမျက်ရည်ကျရပြန်သည်။သို့ပေမယ့်ရှိုက်ကြီးတငင်ငိုနေသည့်ကလေးကိုချော့ရပေဉီးမယ် နီနီလဲ ထူးထူးနဖူးလေးက ဖွဖွလေးနမ်းကာ..

"ကလေး"
ဟုခေါ်ကာ နော်ထူးမေးစေ့လေးကိုကိုင်ပြီးမော့စေသည်။ ထိုအချင်းအရာကိုသိသော ကျန်တဲ့လူတွေက အကုန်ထွက်သွားကာ တံခါးပိတ်ပေးခဲ့သည်။
ထို့နောက်ဆရာမ မှ နော်ထူးနှုတ်ပေါ်သိူ့ သူမ၏နှုတ်ခမ်းတစ်စုံနဲ့ဖိကပ်လိုက်လေသည်။ဒီအထိအတွေ့ဒီအနမ်းကိုလွမ်းနေရသည်လေ။..
ခုတော့ ကျမယစ်မူးပါရစေ..
ချိုမြိန်သော အနမ်းကအရာအားလုံးကို ရပ်တန့်သွားစေသလိုပဲ..ကောင်းကောင်းကြီးကိုယစ်မူးပစ်မယ် ဒီအနမ်းပင်လယ်ထဲကို မတူတူကူးခက်ကြတာပေါ့ အချစ်ရယ်...

အခုလိုချိမြိန်မှုတွေက ခနတာဆိုတာ ဒီချစ်သူနှစ်ဉီးသိပါလေစ

"ဆရာမ"

"ဟင်"

"သမီးဆီက ထွက်မသွားပါနဲ့နော်"

"အင်းပါသမီးရယ်"

"သမီးဆီကညဆရာမထွက်သွားရင်သမီးသေလိမ့်မယ် ဆရာမရဲ့"

"အို..ကလေးရယ်မဟုတ်တာတွေမပြောစမ်းနဲ့ ဆရာမမကြိုက်ဘူး"

"မဟုတ်တာပြောတာ မဟုတ်ဘူး"
နော်ထူးဆရာမလက်ကိုယူကာ သူ့နှလုံးသားရှိရာ ဝဲဘက်ရင်အုံထဲမှာ ပေါ်သို့တင်လိုက်သည်။

"ဒီထဲက ရင်ခုန်သံတွေကိုခံစားမိတယ်မလားဆရာမ"

နီနီခေါင်းညှိမ့်ပြလိုက်သည်။

"ဒီရင်ခုန်သံတွေက အရင်က အသက်ရှင်ဖို့ရှိရင်ရှိလိမ့်မယ် ဒါပေမယ့်အခုတော့ဒီရင်ခုန်သံတွေက ဆရာမအတွက်ပဲ ဒါကြောင့်ဆရာမမရှိရင် ဒီရင်ခုန်သံတွေမရှိတော့ဘူး အဲ့ကြရင် သမီးသေ သွားလိမ့််မယ်..သိလား ဆရာမကိုချစ်ဖို့အတွက်ဒီရင်ခုန်သံတွေတည်ရှိနေတာ.."

"သမီးငယ်ရယ်"

သူမပြုံးရင် လောကကြီးတစ်ခုလုံးကိုအပိုင်ရသလိုမျိုး
ကျမအသက်ရှင်နေခြင်းကလဲ သူမကြောင့်ပါပဲ..တကယ်လို့ကျမဆီကဝေးရာပြေးပြီး တခြားတစ်ယောက်ဆီသွားမယ်ဆိုရင် ကျမကျေကျေနပ်နပ်လက်လွှတ်ပေးမှာပါ...ဒါပေမယ့်သူမ မပျော်ရင်တော့ ဒီရင်ခွင်က တံခါးမရှိဓားမရှိပါပဲ...
သူမပျော်နေရင်တော့ ကျမ ကျေနပ်စွာလက်ပိုက်ကြည့်နေမှာ..ကြည့်လို့ဝရင်တော့..ကျမ ဘဝကိုအဆူံးသတ်လိုက်တော့မယ်...ဘာလို့လဲလို့မေးရင်
တစ်ဖက်မှာ ကိုယ့်ချစ်သူပျော်တာမြင်လို့ကျေနပ်ရပေမယ့်...တစ်ဖက်မှာတော့ သူမ မရှိဘူးဆိုတဲ့ အတွေးတွေက မလွတ်မြောက်နိုင်တော့ ဒီအရိပ်မဲကြီးက ကျမကိုသေစေနိုင်ဖို့လုံလောက်ပါရဲ့လေ...

မပိုင်ဆိုင်ရမှန်းသိတာတောင်
ရှေ့ဆက်တိုးမိတာကို
ရူးမိုက်တယ်လို့ ခေါ်သလား ဆရာမ
အဲ့တာဆို ကျမဟာ ဆရာမအတွက်
ရူးမိုက်တဲ့လူတစ်ယောက်ဖြစ်နေပါပြီ ဆရာမရယ်...

မြတ်နိုးရသူWhere stories live. Discover now