"အချစ်ရယ် ဘာတွေတွေးနေတာတုန်း"

"ဘာမှမဟုတ်ပါဘူး သွားမယ်လေ မောင့်အသည်းသက်ညှာလေးရဲ့"

"ရွှတ်နောက်နောက်နဲ့ "

ကြယ်စင်တို့လဲကျောင်းကိုထွက်လာခဲ့သည်။ဆရာမမှာဆိုင်ကယ်လေးတစ်စီးရှိပါတယ် ​ထိုဆိုင်ကယ်လေးနောက်မှာကြယ်စင်တစ်ယောက်ပဲထိုင်စီးရခြင်းပင်..ဆရာမကဆိုင်ကယ်မောင်းကြယ်စင်က နောက်မှနေ၍ဆရာမခါးကိုခပ်တင်းတင်းဖက်ထားသည်။ကြယ်စင်မောင်းမယ်လို့ပြောပေမယ့် အသက်ငယ်လို့မမောင်းနဲ့တဲ့လေ။သိပ်ပြီးကြာကြာ မမောင်းလိုက်ရပါ ကျောင်းသို့ရောက်ချေပြီ..ဆရာမလဲ ရုံခန်းသို့သွားကာ ကြယ်စင်လဲ ကိုယ့်အခန်းကိုလွယ်အိတ်ထားရမည်။ပြီးလျှင်တော့ နော်ထူးတို့ဆီသွားရချေမည် ခုလောက်ဆို သူတို့နဲ့အတူကျောင်းမလာလို့ နှုတ်ခမ်းတွေဆူနေလောက်ပြီ။
ကြယ်စင်လဲခပ်သုတ်သုတ်ပြေးကာလွတ်အိတ်ထားလိုက်သည် ပြီးတာနဲ့ပြန်ထွက်လာကာ နော်ထူးဆီထွက်လာလိုက်သည်။

"နော်ထူး

"အော် ကြယ်စင် လာလေ"

"နှင်းရော"

"သူ့ဆရာမ ခိုင်းစရာရှိလို့တဲ့ သူ့ဆရာမနဲ့လိုက်သွားတယ်"

"နင်ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူး နေမကောင်းလို့လား"

"မဟုတ်ပါဘူးဟာ"

"ဒါဆိုဘာလို့လဲ"

"ဟိုမှာလေ"
နော်ထူးမေ့ငေါ့ပြတဲ့နေရာအားကြည့်လိုက်တော့ နော်ထူးဆရာမပင် ဘေးနားမှာအမျိုးသားတစ်ယောက်ရပ်နေသည်။ဒီအမျိုးသားက နော်ထူးပြောပြဖူးတဲ့ဆရာမနဲ့စေ့စပ်ရမည့်သူဖြစ်မည်ထင်သည်။ဆရာမကိုစကားအတင်းလိုက်ပြောနေကာ ကျောင်းဝန်းထဲမှာဆိုတာသတိရပါလေစ။ နော်ထူးကိုကြည့်တော့ ခုံပေါ်ခေါင်းစိုက်ကာ မျက်ရည်များကျနေလေရဲ့
ကြယ်စင်လဲဆရာမရှိရာသို့သွားတော့ နော်ထူးက ​ ကြယ်စင့်လက်ကိုဆွဲကာခေါင်းခါပြပေတယ်..ဒါပေမယ့်ကြယ်စင်ဆရာမဆီရောက်အောင်သွားလိုက်ပြီ

"ဆရာမဒေါ်နီနီအောင်"

"အော် ကြယ်စင်ပဲ နော်ထူးကိုလာရှာတာလား"

"ဒါ နီ့ရဲ့တပည့်လေးလား"ဘေးမှဟိုကဝင်ပြောလေသည်။

"ဆရာမတပည့်ရဲ့သူငယ်ချင်းပါဉီးလေး"

"အော်"

"ဆရာမ"

"ဟင်"

"နော်ထူးနေမကောင်းဘူး "

"ဟယ် ဘယ်လိုဖြစ်တာတုန်း"
ဆရာမ၏မျက်ဝန်းတွေထဲမှာ စိုးရိမ်မှုအထင်းသားကိုကြယ်စင်တွေ့လိုက်ပါသည်။

"မသိဘူးဆရာမ သမီးသွားကြည့်တော့ ခံပေါ်မှာမှောက်အိပ်ပြီးငိုနေတယ်မေးကြည့်တော့ ခေါင်းကိုက်လို့တဲ့"

"ခေါင်းကိုက်လို့ ဒီကလေးကွယ် ဆရာမလာခဲ့မယ်"

"ခုလိုက်ခဲ့လို့ရမလားဆရာမ သူတော်တော်ခေါင်းကိုက်တာထင်တယ်"

"ကိုမျိုး ကျမသွားလိုက်ပါဉီးမယ်"

ဆရာမက ကိုမျိုးဆိုတဲ့လူ၏စကားကိုမစောင့် နော်ထူးအခန်းထဲသို့ပြေးဝင်သွားပေသည်။

"ကလေး"

ဒါနော်ထူးဆရာမ၏ခေါ်သံ ဆရာမသူ့ဆီလာတာလား မဖြစ်နိုင်တာ ဆရာမက ကိုကိုမျိုးဆိုတဲ့​လူနဲ့စကားပြောနေတာလေ

"ကလေး ခေါင်းကိုက်လို့ဆို.."

သေချာပါတယ်ဒါဆရာမအသံ ကြယ်စင်သွားခေါ်တာဖြစ်မည်။တော်ပါသေးရဲ့ နော်ထူးငိုတာကိုခေါင်းကိုက်လို့ဆိုကာ ဆရာမကိုပြောပေးထားသည်တဲ့ အလိုက်သိတတ်တယ့် သူငယ်ချင်းတွေမို့ နော်ထူးကျေးဇူးတင်မိပါသည်။

"နည်းနည်းပါ"

"ကလေးရယ်လာ ဆရာမမှာ ခေါင်းကိုက်ရင် ကပ်တဲ့ကပ်ခွာလေးတော့ပါလာတယ် ဆရာမကပ်ပေးမယ်.."
ဆရာမ နော်ထူးကိုသေချာဂရုစိုက်ပေးလေသည်။ထိုသို့အချိန်တွေကိုမကုန်ဆုံးချင်တော့..ထို့နောက်ဆရာမ၏ ခါးကိုဖက်ထားလိုက်သည်။ ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်ကို မပိုင်သေးတော့လဲ မပိုင်သေးလို့စိုးရိမ်ရ ပိုင်ဆိုင်ရပြန်တော့လဲ ဆုံးရှုံးကြောက်လို့စိုးရိမ်ရပြန်သည်။ ဒါကိုဆရာမသိပါလေစ...ဆရာမထံမှာ အကြိမ်ကြိမ်ကျရှုံးပြီးသားမို့ ဒီလူ့နှလုံးသားကိုချနင်းမပစ်ဖို့ပဲ တောင်းဆိုချင်မိတယ်ဆရာမရယ်...မဖြစ်နိုင်မှန်းသိသိရဲ့ရှေ့ဆက်တိုးနေမိတာလဲ ရူးမိုက်ခြင်းတစ်မျိုးပါပဲ...တစ်နေ့ပေါ့ဆရာမရယ်..တစ်နေ့ပေါ့..အေးချမ်းတဲ့နေရာမှာ နှစ်ယောက်ထဲရှိချင်ပါရဲ့ကွယ်..
နော်ထူးငိုတာကိုဆရာမက ခေါင်းကိုက်လို့ငိုနေတာဟုထင်နေတုန်းပင် သူမ၏ခါးကိုဖက်ကာငိုတော့ အလိုက်သင့်လေးပြန်ဖက်ကာကျောကုန်းကို ပွတ်သက်ပေးနေရဲ့..နော်ထူးအဖြစ်ကိုကြည့်ရင် ကြယ်စင်ပါမျက်ရည်ဝဲမိသည်။ကိုယ်ချစ်တဲ့သူက သူများအပိုင်ဖြစ်သွားမှာကိုလက်ပိုက်ကြည့်နေရတာလဲ ဝဋ်တမျိုးပါပဲလေ..

မြတ်နိုးရသူWhere stories live. Discover now