အပိုင်း (၆/z)

Start from the beginning
                                    

" တရားလွန်လာပြီနော် မူပိုင် "

" လွန်တော့ဘာဖြစ်လဲ။ ခင်ဗျားက ကျုပ်အပိုင်၊ ခင်ဗျားနဲ့ ပတ်သက်သမျှ အရာရာဟာ ကျုပ်နဲ့လည်းဆိုင်တယ်။ ကျုပ်ကဒါဆိုဒါလိုက် ခင်ဗျားအထွန့်တက်ဖို့မလိုဘူး ဒေါ်ဒေါ် "

" မုန်းတယ်၊ မင်းလိုအတ္တကြီးတဲ့ မိန်းမကို မြ သိပ်မုန်းတယ် "

" ခင်ဗျားပါးစပ်ကို ပိတ်လိုက်တော့ ဒေါ်ဒေါ်။ ကျုပ်ကို မျက်ရည်ကျအောင်မလုပ်နဲ့ "

တဖြည်းဖြည်းပြောင်းလဲလာသော အသံအနေအထားကို သတိပြုမိပေမယ့် မြ မရပ်တန့်ဖြစ်ပါ။ ရင်ထဲရှိသမျှ စကားလုံးတို့အား စီတန်းလို့ထုတ်ပြောလိုက်သည်။

" ရွံတယ်။ မြ လောကမှာအရွံမုန်းဆုံးက မင်းပဲ မူပိုင် "

" ခင်ဗျား "

လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လို့ ပိုနီးကပ်စေသူ။ အဓိပ္ပာယ်ဖော်ရခက်မြဲဖြစ်သော မျက်ဝန်းနက်များသည် မှိုင်းလျလျက်ရှိ၏။ ရစ်သိုင်းနေသော အရည်ကြည်တို့အား စီးကျမလာစေရန် ထိန်းချုပ်နေဟန်လည်းရသည်။ အသက်ရှူသံဟာ ပုံမှန်ထက်ပိုကျယ်လောင်လို့နေ၏။

" မြ ကိစ္စတွေထဲ တော်ရုံပဲဝင်ပါတာကောင်းမယ်။ မင်းနဲ့ စကားမများချင်ဘူး မူပိုင် "

" ကျုပ်ကိုမပြောပဲတစ်ယောက်တည်း မန္တလေးကိုသွားတာက မှန်တယ်လို့ ထင်နေတာလား "

" မြမိသားစုကိစ္စက မင်းနဲ့မှမဆိုင်ပဲ။ အဲ့တာကြောင့် မင်းသိစရာမလိုဘူး မူပိုင် "

တွန်းထုတ်ကာ ကျောခိုင်းသွားသူသည် ယခုအခါတွင်လည်း မသိဟန်ပြုကာ ထပ်မံကျောခိုင်းသွား၏။ ရန်ပွဲဖြစ်ပြီးသည်မှာ သုံးရက်မျှကြာပြီးသော်လည်း မကြေအေးနိုင်ကြသေးပေ။ ပုံမှန်အတိုင်း လည်ပတ်နေသော စက်ဝန်းလေးထဲ တစ်ခါတလေ အဖုအထစ်လေးများ ပေါ်လာတတ်၏။ ဥပမာ အခုကြုံလိုက်ရသော အနေအထားမျိုးပေါ့။

မကြာပါ ခြံရှေ့မှကားဟွန်းတီးသံလေး ထွက်ပေါ်လာ၏။ မေပုံ့ခင်ဗျာ သူမှာသွားသောအတိုင်း အပြေးသွားကာ တံခါးဖွင့်ပေးရသည်။ ခြံထဲသို့ လိမ့်ဝင်လာသည့် တံခါးနှစ်ပေါက်သာပါသော ဂျပန်ထုတ် (family two doors) ကားလေး။ မောင်းနှင်သူသည် မူပိုင်အရွယ် ကောင်လေးငယ်တစ်ဦးသာဖြစ်၏။

မူပိုင် [အတွဲ တစ်]Where stories live. Discover now