Intro

185 10 19
                                    

Unicode

ရုန့်ရင်းဆန်ခတ်ဖြစ်နေသော မြင်ကွင်းများ...

လူတွေ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ရှေ့တွင်ပင် သေဆုံးပြီး ပျောက်ကွယ်သွားလေသည်။

ဒါ ဘယ်လို အိပ်မက်ဆိုးမျိုးလဲ..?
အိပ်မက်ဆိုးဆိုရင်လည်း အမြန်ဆုံး နိုးထခွင့်ပေးပါတော့...

တကယ်တော့ ဒါဟာ အိပ်မက်ဆိုးတစ်ခု မဟုတ်ခဲ့ပါ...

အမှန်တကယ်ပင် ကမ္ဘာကြီး ပျက်စီးနေခြင်းဖြစ်သည်။

ကမ္ဘာအနှံ့အပြား၌ လူသားတွေ တစ်ယောက်ပြီး တစ်ယောက် ကွယ်ပျောက်ကုန်သည်။
.
.
.
ထိုအချိန် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွေလည်း..
အခြေအနေများသည် ဆိုးရွားနေခဲ့သည်။

ဒါ ဘယ်လို ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးလဲ.?
ရုပ်ရှင်တွေထဲကလို တကယ်ပဲ..ဂြိုဟ်သားတွေဟာ ဒီကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့ပြီ။
.
.
.
ဆက်လက်လာနေသည့် သတင်းများကို ထယ်ယောင်း ဆက်ပြီး နားထောင်နိုင်စွမ်း မရှိတော့။

"ဂျွန်...ကျွန်တော်တို့ ဘာဆက် လုပ်ကြမလဲဟင်..?"

မျက်ရည်များရစ်ဝိုင်းကာ မေးလာသည့်ထိုကောင်လေးကို ဂျောင်ကုဖြေစရာစကားမရှိခဲ့။

သူကိုယ်တိုင်လည်း အမှန်တကယ်ပင် ဘာဆက်လုပ်ရမလဲ မသိတော့ပါ။
ပြေးရမယ်...ဟုတ်တယ် ပြေးရမယ်..ချစ်ရသူရဲ့ လက်ကိုဆွဲကိုင်ပြီး ဒီအဖြစ်အပျက်တွေရဲ့ အဝေးဆုံးကို ထွက်ပြေးရမယ်။

"ဘာမှ စိတ်မပူနဲ့ ထယ်..ကိုယ်ရှိတယ်..ကိုယ်တို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြမယ်နော်.."

ကိုယ်ပြောလိုက်တော့ လိမ္မာသည့်ကလေးငယ်က ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြလာသည်။

စိတ်ချပါ ထယ်..ကိုယ်အသက်ရှင်နေသ၍ ထယ့်ကို ရအောင် ကာကွယ်မယ်။
.
.
.
ဂျောင်ကုနှင့် ထယ်ယောင်းတို့ ပြေးနေရင်း တဖြည်းဖြည်း ပြေးစရာလမ်း မရှိတော့..
ရောင်ခြည်တမ်းတွေဟာ တစ်ယောက်ပြီးတစ်ယောက်ရဲ့ အသက်တွေကို နှုတ်ယူသွားသည်ကို သွေးပျက်ဖွယ် မြင်နေရသည်။

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ဂျွန်..? ဟင့်~ ကျွန်တော်ကြောက်တယ်.."

Você leu todos os capítulos publicados.

⏰ Última atualização: Feb 12, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

The Last Wish (ongoing)Onde histórias criam vida. Descubra agora