"Wichapas ဆင်းခဲ့ဦး "

"ဗျာ၊ ဒယ်ဒီဘာပြောမလို့လဲ "

"ငါမင်းနဲ့တိုင်ပင်စရာရှိလို့၊ မင်းအမေနဲ့လဲပြောပြီးပြီ မင်းကိုတိုင်ပင်မယ်ဆိုတာထပ် အသိပေးမလို့ "

"ကုမ္ပဏီမှာ ဝင်လုပ်ဖို့ပြောမလို့လား ဒယ်ဒီ "

"အေးဟုတ်တယ်၊ ဒီလကုန် မင်းကုမ္ပဏီမှာ ဝင်လုပ်ရမယ် ၊ ‌ကျောင်းပြီးတာနဲ့ မင်းလဲအလုပ်အတွေ့အကြုံရှိတာနဲ့ကွက်တိဖြစ်‌ေအာင်လို့ "

"ဟာကျွန်တော် ဒယ်ဒီရဲ့အလုပ်‌ေတွကို စိတ်မဝင်စားဘူးလို့ပြောပြီးသားနော် ကျွန်တော်ဝါသနာပါတာဘဲလုပ်မှာ "

"အေးငါကလဲဘူးဆိုဖရုံမသီးဘူးနော်၊ မင်းကုမ္ပဏီမှာဝင်မလုပ်ရင် မင်းလက်ထပ်ဖို့ကိုစဉ်းစားထား ဒါဘဲ "

"ဒယ်ဒီအဲ့လိုတော့ မတရားမလုပ်နဲ့လေ၊ လက်ထပ်တာနဲ့ စီးပွားရေးနဲ့ဘာဆိုင်လို့လဲ "

"ငါကဒါဆိုဒါဘဲ တခွန်းကပြန်မပြောနဲ့ ပြီးတော့ နက်ဖြန် အိမ်ကို ငါ့မိတ်‌ေဆွတွေလာဖို့ရှိတယ် မင်းဘယ်မှသွားဖို့မစဉ်းစားနဲ့ "

"ရတယ် နက်ဖြန်နေပေးမယ်၊ လက်ထပ်ဖို့ကိစ္စနဲ့ ကုမ္ပဏီကိစ္စတော့ သားသဘောမတူနိုင်ဘူးနော် "

"မင်းမှာ ငါ့အမိန့်ကိုလွန်ဆန်ဖို့ အခွင့်အရေး မရှိဘူးနော် wichapas"

********

" အခုလို ကျွန်တော်ရဲ့မိတ်ဆုံစားပွဲလေးကို တက်ရောက်ပေးကြတဲ့ လူကြီးမင်းများအားလုံးကိုကျေးဇူးတင်ပါတယ် "

အကုန်လုံးက ဒယ်ဒီရဲ့စကားအဆုံး လက်ခုပ်များတီးကြတော့တယ်၊ ဘာလို့လဲ ခါတိုင်းဆို အိမ်မှာပွဲမကျင်းပပါဘူး ဟိုတယ်မှာဘဲကျင်းပတာပါ ဒီနေ့မှ ထူးထူးခြားခြား

"ဒီနေ့ ကျွန်တော့်အိမ်မှာ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ရဲ့သားနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်လို့ပါ "

ဒယ်ဒီကငါ့ကိုလှမ်းကြည့်လိုက်တာမို့ မတ်တပ်ဘဲထရပ်လိုက်တော့တယ်။

"တွေ့ရတာဝမ်းသာပါတယ်၊ Bible Wichapas Sumettikul ပါ "

လက်ခုပ်ဝိုင်းတီးနေတဲ့သူတို့ရဲ့အကြည့်‌ေတွက ငါ့ကိုမဟုတ်ဘဲ ဒယ်ဒီရဲ့အရှိန်အဝါကြောင့်ဘဲခုလိုလုပ်‌ေနတယ်ဆိုတာတွေးကြည့်စရာတောင်မလိုဘူး။

HopeWhere stories live. Discover now