"အ့! ဆိုင်းလော့ဒ်...."

"အင်း! မောင့်နာမည်ခေါ်ပေး..ထပ်ခေါ်ပေး.."

"အင်း...ဟင်း ဆိုင်းလော့ဒ် အ့!..."

အတူနေစဉ်အတွင်း သူ့နာမည်ကို လှိုက်ဖိုမက်မောစွာ ခေါ်ငြီးနေသည်ဆိုသည့်အသိက သူ့အားကျေနပ်မှုကိုရစေသည်။ထို့ကြောင့်ပဲ လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားသော ခါးသွယ်သွယ်လေးအား ပို၍အားထည့်ဆုပ်ညှစ်ကာ အနက်ရှိုင်းဆုံးအထိ တိုးဆောင့်ဝင်ရောက်မိတော့သည်။အခုအချိန်မှာတော့ သူ့အသိထဲ ရှင်းခန့်တစ်ယောက်မှလွဲ၍ တခြားဘယ်အရာမှက မစိုးမိုးနိုင်တော့ပေ။သူ၏စိတ်ဝိဉာဉ်တစ်ခုလုံးဟာ သူ့ပေါင်ပေါ်ရှိ သာယာမှုအပြည့်ဖြင့်ရှိနေသော လူတစ်ယောက်ဆီမှာသာ နစ်မြုပ်ပျော်ဝင်လျှက်ရှိလို့နေလေတော့သည်။

"တီ!...."

နှစ်ယောက်သား အချစ်ဝဲဂယက်ကြီးထဲ စိတ်လွတ်လက်လွတ် နစ်မျောနေကြဆဲ ဟွန်းသံအရှည်ကြီးနှင့်အတူ စူးရှသောကားမီးရောင်က နှစ်ယောက်အပေါ်သို့ ထိုးကျလို့လာသည်။မှောင်မိုက်နေရာမှ ရုတ်တရက်ကြီး လင်းချင်းသွားတော့ ရှင်းခန့်၏ကိုယ်လေး ဆတ်ကနဲတုန်သွားရသည်။ခုနကတော့ ကိုယ့်အရှိန်ဖြင့်ကိုယ် ဘာကိုမှသတိမပြုနိုင်ကြပဲ အခုကျမှပဲ လမ်းပေါ်မှာဆိုသောအသိက ဝင်လာတာကြောင့် မျက်နှာတစ်ခုလုံးဖြန်းကနဲ ဖြစ်သွားရသည်။ပြီးတော့ ကိုယ်တိုင်ကလည်း အဝတ်အစား ဗလာဖြင့် ဆိုင်းလော့ဒ်၏ပေါင်ပေါ်၌ ခွထိုင်ထားသော အနေအထားဖြင့် ရှိလျှက်သား..။ဒီပုံစံ ဒီအနေအထားက တစ်ချက်လှမ်းကြည့်လိုက်တာနှင့် ကားထဲမှာကဲသဲနေကြသည့် စုံတွဲဆိုတာ သိသာလို့နေသည်။

"ကား ကား လာနေပြီ...."

သူတုန်ယင် ရှက်ရွံ့စွာဖြင့် တိုးဖွဖွပြောပြီး ဆိုင်းလော့ဒ်၏ရင်ဘတ်အား တွန်းထုတ်ကာ ပေါင်ပေါ်မှဆင်းဟန် ပြင်လိုက်မိသည်။

"လာပါစေ..."

ဆိုင်းလော့ဒ်က ခါးလေးအား ခပ်တင်းတင်း ပြန်ဆွဲထားပြီး သူ့ထုံးစံအတိုင်း ခပ်ဂျစ်ဂျစ်ပြောသည်။

"သူများမြင်သွားရင် မကောင်းဘူး...."

ဘယ်လောက်ပဲ ပွင့်လင်းခေတ်မှီတယ်ဆိုဆို အခုလိုမျိုးတော့ လမ်းမကြီးပေါ်မှာ ပြောင်ပြောင်တင်းတင်း ချစ်စခန်းဖွင့်ဖို့အထိတော့ သူသတ္တိမရှိပါ။ဆိုင်းလော့ဒ်ကတော့ သူ့ထုံးစံအတိုင်း ဘာကိုမှဂရုမစိုက်လိုသော ဇွတ်တရွတ်ဆန်မှုများဖြင့် ရှိနေသည်။ခါးအားခပ်တင်းတင်း ပြန်ဆွဲဖက်ထားတာကို သူနောက်ထပ်တစ်ကြိမ် ထပ်ရုန်းကန်သော်လည်း အချည်းအနှီးပင်။

Wild  Rose(complete)Where stories live. Discover now