အခန်း ၁

Start from the beginning
                                    

ဤနှစ်ယောက်က တွေ့ဆုံခြင်းမရှိပေ။ ဇာတ်လိုက်က ထီးနန်းကို ရယူချိန်မှာ အမျိုးသမီးဇာတ်လိုက်က သူမကို နန်းတွင်း၏ပွဲအခမ်းအနားတွေမှာသာ အကြိမ်အနည်းငယ် ‌တွေ့ဆုံခဲ့တာဖြစ်သည်။

ဇာတ်လိုက်မက လွမ်စစ်ညန်နှင့် ပတ်သက်သည့်အရာတိုင်းကို အထူးတလည်အာရုံစိုက်ရသည့်အကြောင်းရင်းက လွမ်စစ်ညန်၏ တရားဝင်အစ်မကြီး ကူးပြောင်းလာသည့် လွမ်စန်းညန်ကြောင့်ဖြစ်သည်။

ဝတ္ထုထဲတွင် လွမ်စန်းညန်က သူ့မရဲ့စေ့စပ်မှုကို အစောပိုင်းအဆင့်မှာ ဖျက်သိမ်းလိုက်ပြီး စားဖို့သောက်ဖို့ ပျော်ဖို့ပါးဖို့ပဲ သိတဲ့ ချမ်းသာသည့်မိသားစုမှ သူမရဲ့ သတို့သားလောင်းကို ကန်ထုတ်ပစ်လိုက်သည်။ သူမ၏ System တွင် ရောဂါတွေကို ကုသပေးနိုင်သည့် ဆေးပညာအရည်အချင်းဖြင့် ရေကိုခွဲပြီး လေကို ထန်အောင် လုပ်နိုင်ခဲ့သည်။ အဆုံးမှာ အင်ပါယာအိုကြီးရဲ့ တော်ဝင်မောင်းမဆောင်ထဲ ကျသွားပြီး သူ့ရဲ့ ကိုယ်လုပ်တော်တွေထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ နောက်များကျတော့ အင်ပါယာအိုကြီးက သူနတ်ရွာစံသွားရင် သူမက သူနှင့် အဖော်လိုက်ပြီး မြုပ်နှံရမည်ဆိုသည့် လျှို့ဝှက်အမိန့်တော် ထုတ်ပြန်ခဲ့သည်။ အတိုချုံ့ရရင် သူမရဲ့ နောက်ဆုံးဇာတ်သိမ်းက အရမ်းကို ဆိုးရွားလွန်းလှသည်။ အရမ်းကို ထင်ရှားပေါ်လွင်လွန်းလှသည့် ကူးပြောင်းလာတဲ့ အမျိုးသမီး လွမ်စန်းညန်၏ ထွက်ပေါ်လာမှုက ဇာတ်လိုက်မကို အချက်ပေးသလိုဖြစ်ပြီး သူမကိုယ်သူမ တိတ်တိတ်လေးဖုံးကွယ်ပြီးတော့ သူမရဲ့ နေ့ရက်လေးတွေကို ဇာတ်လိုက်၏ အတွင်းဆောင်မှာ လိမ်လိမ်မာမာနှင့် ဖြတ်သန်းလေသည်။ လက်ရှိမှာ လွမ်ရှီက စာအုပ်ထဲ ကူးပြောင်းလာကာ မူလကိုယ်ပိုင်ရှင်က ၁၄နှစ်ပဲ ရှိသေး၏။ သို့ပေမယ့် ထူးဆန်းတာက မူလကိုယ်ရဲ့ မှတ်ဉာဏ်ထဲမှာ ကူးပြောင်းလာသည့် လွမ်စန်းညန်က စေ့စပ်ပွဲဖျက်ဖို့ သောင်းကျန်းရာကနေ ရုတ်တရက် စိတ်ပြောင်းပြီး သူမရဲ့ လက်ထပ်ပွဲကို လက်ရှိမှာ ပျော်ရွှင်စွာ ပြင်ဆင်နေသည်။

မူလကိုယ်ပိုင်ရှင်ကတော့ ရုတ်တရက်ဆိုသလို ဘာသာရေးဝန်ကြီး၏ တရားဝင်သားဖြစ်သူ ဝမ်ထျန်းကျိုးနှင့် လွန်ခဲ့တဲ့ လေးရက်က ဇာတာခွင်လဲလှယ်ခဲ့ပြီး သူတို့ရဲ့ လက်ထပ်ပွဲကို အတည်ပြုခဲ့သည်။

​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီးဇာတ်ပို့Where stories live. Discover now