အပိုင်း - ၃၆

Start from the beginning
                                    

မိမိကို ချစ်မြတ်နိုးပေးသည့် ထိုပညာတတ်အမျိုးသား ကိုလူချောကို ပိုင်ဆိုင်ထားရသည့်အဖြစ်ကို တွေးမိပြန်တိုင်း အစိုးမှာ သွေးနားထင်မရောက်ဘဲ မနေနိုင်ပါလေ...

အမောင့်ကိုငေးကြည့်နေရင်းမှ ကပိုကရိုလေးဝဲဖြာကျနေသည့် ဆံစတို့ကို အစိုးလက်ချောင်းသွယ်သွယ်လေးများဖြင့် အသာအယာလေး သပ်တင်ပေးလိုက်မိရင်း ဖွနေမိပြန်လျှက်သား...

ထို့နောက် အကာအကွယ်မဲ့နေသည့် မျက်တောင်ထူထူစိပ်စိပ်တို့ကို အတင့်ရဲစွာ ထပ်မံတို့ထိကြည့်မိပြန်ကာ သွားတန်းဖြူဖြူလေးများပေါ်သည်အထိ အစိုးတစ်ယောက် ကြည်ကြည်နူးနူး အသံတိတ်ရယ်မိပြန်၏။

" အစိုးရဲ့ အမောင်ကို ချစ်လိုက်ရတာလေ "

ထိုစကားလေးကိုသာ ခပ်တိုးတိုးလေး ညည်းညူမိကာ ပြည့်ဖောင်းဖောင်းပါးလေးဆီ မွှေးကြူမိရင်း ရှက်သွေးဖြာသွားမိသည့် အစိုးမျက်နှာလေးက နှင်းဆီပန်းနီနီကလေးအလား ရဲတက်သွားရပြန်သည်။

မိမိအပြုအမူကို မိမိပြန်တွေးရင်း ရှက်ရွံ့စိတ်တို့က ထိန်းမရတော့သည်မို့ အိပ်ရာပေါ်မှ ဆင်းသက်ရန်ပြင်ခိုက် ရုတ်တရက်အဆွဲခံလိုက်ရခြင်းနှင့်အတူ...

အစိုးလက်တစ်ဖက်က အမောင့်ရင်ဘက်ပေါ်ဖိမိရင်း မျက်နှာနှစ်ခုကလည်း ထိကပ်လုနီးပါးဖြစ်သွားရကာ အစိုးထံမှ အာမေဋိတ်သံပိစိလေး ထွက်ပေါ်လာရလေတော့သည်။

" အိုး အမောင်! "

" မင်္ဂလာမနက်ခင်းပါ အမောင့်အမျိုးသားလေး "

ရယ်ကြဲကြဲလေးပြောလာသည့် အမောင့်ပုံစံကြောင့် အစိုးနှုတ်ခမ်းလေးစူလိုက်ရင်း...

" အာ အမောင် လူဆိုးကြီး နိုးနေရင်လဲပြောလေ "

အမောင့်ရင်ဘက်လေးဆီ အဆက်မပြတ်ထုရိုက်လာသည့် အစိုးလက်သီးဆုပ်လေးကို အမောင်ကဖမ်းချုပ်လိုက်ကာ ပြုံးစစဖြင့်...

" နိုးနေရင်ရော သည်းညှာက အကြင်နာပေးမှာလား "

နဂိုကပင် ရှက်သွေးရဲနေသည့် အစိုးမျက်နှာလေးက အမောင့်စကားသံကြောင့် ယခုဖြင့် ငရုတ်သီးရဲရဲလေးအလား ရဲတက်ပူကျစ်လာရရင်း...

အမောင် / အမောင်​ ( Completed )Where stories live. Discover now