Part - 10 (Unicode)

Start from the beginning
                                    

"ဒီလောက်လွမ်းနေတာများ လိုက်သွားတာ မဟုတ်ဘူး"

ပင်လယ်ကြီးကို လာငေးကြည့်တိုင်း ကျွန်တော့်ကို ဟင်ဒီ ပြောနေကြ စကား ။ ဟင်ဒီ ဒီလိုပြောတိုင်း ကျွန်တော့် အဖြေကလည်း ဘယ်တော့မှ မပြောင်းလဲပေ။

"ကျွန်တော်တို့နှစ်ယောက် ကြီးပြင်းလာပုံက မတူဘူး ဟင်ဒီ။ စိတ်ထဲမှာ စွဲနေတဲ့ ခံယူချက်တွေလည်း မတူဘူး။ ကျွန်တော့်မိဘရဲ့ အိမ်ထောင်ရေးပြဿနာ​တွေက ကျွန်တော်ပေါ် သက်ရောက်မှု့ သိပ်ကြီးတယ်။ မရင့်ကျက်တဲ့ စိတ်နေစိတ်ထားတွေနဲ့ သူ့နားမှာ ကျွန်တော်နေရင် သူစိတ်ညစ်ရလိမ့်မယ်။"

အန်ရီကိုနဲ့ ဝေးကွာသွားချိန်မှာ ဒုတိယမြောက် ရင်ဖွင့်ဖြစ်သူက ဟင်ဒီဖြစ်လာ၏။ မိသားစုရေးရာတွေအပြင် နှလုံးသားရေးရာပါ ရင်ဖွင့်ဖြစ်သူက ဟင်ဒီပင်။ ကျွန်တော်
Betty'sကို ရောက်တာ ခြောက်လရှိပြီ။ ရုပ်ရှင်တွေ၊ ဝတၳုတွေထဲကလို ဘယ်နှလကြာပြီးနောက်၊ ဘယ်နနှစ် ကြာပြီးနောက်ဆိုပြီး အလွယ်တကူ စာတန်းထိုးလိုက်ရုံနဲ့ ပြီးသွားတာတော့ မဟုတ်။ လွမ်းဖျား,ဖျားရင်း အိပ်ရာထဲမှာ အထီးကျန်နေရင်းပဲ ကုန်ဆုံးခဲ့ရတဲ့ ခြောက်လတာ။

"ဒါဆို တစ်သက်လုံး ဘာမှမလုပ်တော့ဘူးလား"

ဟင်ဒီက အာမလို အားမရဖြစ်စွာ မေးခွန်းထုတ်လာသည်။
ဒီမေးခွန်းက ကျွန်တော့်ကိုယ် ကျွန်တော် အကြိမ်ကြိမ် မေးဖြစ်နေခဲ့တဲ့ မေးခွန်းတစ်ခုပဲ။

"ကျွန်တော် မေမေ့ကို မေးခွန်းတစ်ခု မေးချင်တယ်။
ဘာကြောင့် ဖေဖေ့အပေါ် သစ္စာဖောက်ခဲ့တာလဲလို့။"

ဟင်ဒီက တစ်ခုခုကို သေချာစဉ်းစားနေဟန် ခေတ္တခဏ ငြိမ်သက်သွားသည်။ ကျွန်တော်က ဘယ်လောက်တောင်
ရူးကြောင်ကြောင်နိုင်လိုက်သလဲ။ သစ္စာဖောက်တဲ့သူဆီက ကျွန်တော် ဘာအဖြေကို မျှော်လင့်နေမိတာလဲ။ သစ္စာဖောက်တာက ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပါဦးမလား။ တစ်ဦးတစ်ယောက်တည်းပေါ်မှာပဲ ချစ်ခြင်းမေတ္တာ မတည်မြဲလို့ပေါ့။

သေချာတာကတော့ မေမေ့အဖြေကသာ ကျွန်တော့်နှလုံးသားရေးရာကို ဆုံးဖြတ်နိုင်စွမ်း ရှိပါလိမ့်မယ်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now