" ဇနီး ဘာစားချင်းလဲ။ ကိုယ်ယူပေးမယ်။"

ရွှယ့်လင်က မျက်ခုံးပင့်လိုက်ပြီး ထိုလူကြီးရဲ့ မျက်နှာချိုသွေးနေတဲ့ ပုံစံကို ကြည့်ပြီးတော်တော်လေး ရယ်ချင်သွားတယ်။ အတိတ်တုန်းကဆို သူက အထိမခံအောင်ကို စောင့်ရှောက်ကာ လွှန်းမိုးတတ်ပြီး သူ့ရှေ့မှာ မားမားရပ်ကာ သူ့ရှေ့မှာ ကာဆီးပေးတတ်တယ်။ တစ်ခါတစ်လေမှာ နူးညံ့ကာ အလိုလိုက် အလျော့ပေးတတ်ပြီး သူ့ကို ကြမ်းပြရမှာလား ပျော့ပြရမှာလားတောင် ရွှယ့်လင်မှာ မသိတော့ပေ။ ရွှယ့်လင်က သူနဲ့ ဒီလို ဆက်ဆံရတာမျိုးကို သဘောကျပေမယ့် လက်ရှိ သဘောထားမျိုးကတော့ သူ့ကို နည်းနည်း စိတ်ဖိစီးစေတယ်။ " စစ်သူကြီး ဆက်ဟန်ဆောင်နေစရာမလိုတော့ဘူး။ အခုက အပြင်မှာ မဟုတ်တော့ဘူးလေ။" သူနှလုံးသားက ပျော့ပျောင်းသွားပေမယ့် ပြောသင့်တယ့်စကားတွေကိုတော့ ပြောဖို့လိုနေတုန်းပဲလေ။ ဒီလူကြီး လက်ထပ်ပွဲနေ့က ဖြစ်ခဲ့တာတွေနဲ့ သေသေချာချာ မရှင်းသေးသရွေ့တော့ သူဘက်က လုံးဝကို ခြေတစ်လှမ်းမှ မဆုတ်နိုင်ဘူး။

ကျန့်ရှောင်ဇီ သူ့တူတွေကို တင်းတင်းဆုတ်ကိုင်လိုက်ပြီး သူ့မျက်လုံးတွေက နက်မှောင်သွားတယ်။ " ဇနီး မင်းယောကျာ်းက သရုပ်ဆောင်နေတာ မဟုတ်ပါဘူး။"

ရွှယ့်လင်မျက်နှာက ပျက်ရယ်ပြုတဲ့ပုံပေါက်သွားပြီး ထပ်ပြီး လျစ်လျူရှုတဲ့ပုံဖြစ်သွားတော့ကာ သူ့ကို တစ်မနက်လုံး အောက်ကျို့ကာ ကြည့်နေသူ ကျန့်ရှောင်ဇီအတွက်တော့ ချက်ချင်းပဲ ပူပန်သောကရောက်သွားတော့တယ်။ " စစ်သူကြီးက ကျွန်မကို တော်ဝင်မင်းသမီးလို့ မခေါ်တော့ဘူးလား။"

ကျန့်ရှောင်ဇီ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူမူလကိစ္စကို ရှင်းရှင်းလင်းလင်းမရှင်းပြမချင်း ဒီလူနားကို သူ့တစ်ဘဝလုံး ကပ်ခွင့်ရတော့မှာ မဟုတ်ဘူးဆိုတာ နားလည်သွားတော့တယ်။

" ဇနီး မင်းကိုယ် လက်ထပ်ပွဲနေ့က ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေသေးတယ်ဆိုတာ ကိုယ်သိပါတယ်။"

ရွှယ့်လင်က သက်တောင့်သက်သာနဲ့ အသားတစ်ပိုင်းကို ကောက်ကာ ဖြေးဖြေးချင်းဝါးလိုက်တယ်။ ကျန့်ရှောင်ဇီက စကားပြောတာရပ်လိုက်ပြီး တစ်ဖက်လူကို ဆက်ပြောလို့ မျက်လုံးနဲ့ အချက်ပြလိုက်တယ်။

ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ? (Arc 2 to Final Arc)जहाँ कहानियाँ रहती हैं। अभी खोजें