🌨 6 🌨

840 67 29
                                    

အရင်လိုပဲ ရိုက်ထည့်မိလိုက်တဲ့ မောင့်တိုက်ခန်း Password က ကိုယ့်မွေးနေ့.... ခုထိ ပြောင်းမထားသေးဘူးဘဲ....

အိမ်ထဲကို ဝင်ဝင်ခြင်း မြင်လိုက်ရတာက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ အရက်ပုလင်းခွံတွေ....

အဝတ်အစားတွေဟာလဲ တို့လို့တွဲလောင်း မြင်မကောင်းရှုမကောင်း....

မောင်ကတော့ မှန်နံရံတွေဖက်ကို မျက်နှာမူကာ အပြင်ဖက်က မြင်ကွင်းတွေကို ငေးရင်း အရက်ကို ပုလင်းလိုက်မော့ချကာ သောက်နေလေရဲ့....

မှန်ထဲကနေတဆင့် မြင်နေရတဲ့ ကိုယ့်အရိပ်ဆီ မျက်လုံးဝေ့ကြည့်လာတဲ့ခဏ... ခဏတော့ စိုက်ကြည့်နေပြီးမှ အ​ကြည့်လွှဲသွားပြီး ဟက် ခနဲ ရယ်လိုက်ကာ...

" ဟက် ~~ မောင်လဲ တကယ်ရူးနေပြီနဲ့ တူပါတယ် နူးငယ်ရယ်.... ကြည့်လေရာတိုင်းမှာ နူးငယ် ပုံရိပ်တွေကိုပဲ မြင်ယောင်နေတယ်... ရူးမယ့်ရူးလဲ ဘာကိုမှ မမှတ်မိတော့အောင် ရူးသွားလိုက်ပါလား ကွာ....ခုတော့ မေ့ပစ်လို့လဲ မရနဲ့ ကြည့်လေရာမှာ မင်းပုံရိပ်တွေကြည့်ပါပဲ မောင့်နူးငယ်ရယ်.... "

ခြောက်ကပ်ကပ် အက်ကွဲကွဲအသံတွေနဲ့ ပြောထွက်လာတဲ့ မောင့်စကားသံတွေကြောင့် ရင်ထဲမှာ နင့်ခနဲ...

" ဒါဆို မောင်က ငါ့ကို မေ့ပစ်ချင်နေတာပေါ့ နော်"

ဖွဖွညင်သာ ပြောလိုက်တဲ့ ကိုယ့်စကားသံတွေအဆုံး.... အံ့သြကြီးစွာ လှည့်ကြည့်လာတဲ့ မောင့်အကြည့်တွေက ငါ့ ရင်ကို နာစေလိုက်တာ...

အငယ်လေး ပြောတုန်းက အဲ့လောက်အခြေအနေ ဆိုးနေလိမ့်မယ်လို့ ထင်မထားခဲ့တာ အမှန်...

ခုတော့ လုံးဝကို ခန္ဓာကိုယ်ကချုံးချုံးကျနေပြီး မျက်လုံးတွေက နီရဲနေကာ မျက်တွင်းဟောက်ပက်နဲ့ ... ဘယ်လောက်များ မအိပ်မစားဘဲ နေ နေပါလိမ့်...

" နူးငယ်.... နူးငယ်လား ဟင်... ဒါ မောင့်နူးငယ် အစစ်လား... မောင် အမြင်မှားတာလား... ခုတော့ အသံတွေပါ ကြားယောင်နေပြန်တာလား "

"မောင်ရယ်... "

ခုံပေါ်ကနေ ကြောင်တောင်တောင်လေး ကြည့်ကာ တစ်ယောက်ထဲ ရေရွတ်သလို ပြောနေတဲ့ မောင့်အနား အပြေးသွားကာ မောင့်ကို တင်းကျပ်နေအောင် ဖက်ထားလိုက်မိတော့သည်။

နှောင်းအတိတ်ဆီက မောင် ( SUNSUN ) ( SEASON 1)Where stories live. Discover now