"နှင်းလေး"

"ရှင်..ဆရာမ"

"သမီး ဆရာမ ကိုဒါလေးတွေတစ်ချက်ပို့ပေးပါလားကွယ်"

"ရတာပေါ့ဆရာမရဲ့"

"ဒီစာအုပ်လေးတွေသယ်သွားပေး ကျန်တာဆရာမသယ်လာခဲ့မယ်"

"ဟုတ်ကဲ့"
နှင်းလဲဆရာမပြတဲ့စာအုပ်အချို့ကို သယ်လိုက်သည်။

"ခဏလေးသမီး တူတူသွားမယ်"

"ဟုတ်ကဲ့"

ထို့နောက်နှစ်ယောက်သားတူတူထွက်လာသည်။ စာကြည့်တိုက်သည် နှင်းတို့အခန်းနှင့် ၅မိနစ်လောက် လမ်းလျှောက်ရပေသည်။လမ်းမှာလဲ စာသင်ခန်းပေါင်းများစွာကျော်ဖြတ်ပြီးအချိန်တွင် စာကြည့်တိုက်သို့ရောက်လာခဲ့ပြီ။

"အော် သဇင်လာ"
စာကြည့်တိုက်မှုး ဆရာမ ဒေါ်သီတာမှ လှမ်းပြောလာသည်။

"မသီတာရေ ဒီမှာစာအုပ်တွေ လာပို့တာ"

"ဟုတ်ပြီငါ့ညမရေ ဟိုနေရာလေးမှာချလိုက်နော်"

"ဟုတ်ကဲ့အမ"
သဇင်လဲ မသီတာညွှန်ပြတဲ့နေရာသို့သွားကာ ကလေးကိုပါ လှမ်သခေါ်လိုက်သည်။
နှင်းကလေး ဒီနေရာမှာချလိုက်သမီး

"ဟုတ်ကဲ့"

"ဒါနဲ့ သဇင်ရေ အမကိုလေ စတိုခန်းထဲက ပုလွေ အချောင်းသုံးဆယ်လောက်ယူပေးပါဉီး။"

"ဟုတ်ကဲ့အမ ဘင်ခရာသမားတွေဖို့လား"

"ဟုတ်တယ် သဇင်ရေ သူတို့က စောင်းပုလွေတဲ့ သင်ရိုးက ဒဲ့ပုလွေမို့မရဘူးရယ်။"

"အော် သွားယူလိုက်ဉီးမယ်နော်အမ"

"အေး ညမရေ"

ဆရာမလဲ စာကြည့်တိုက်မှုးနဲ့ပြောပြီးတာနဲ့ထွက်လာခဲ့သဖြင့် နှက်းဆရာမအနောက်ကသာ တိတ်တိတ်လေးလိုက်လာခဲ့ပေသည်။အချိန်တစ်ခုကြာသော် အခန်းတစ်ခန်းရှေ့ ၌ ရပ်၍ ထိုအခန်းအားဆွဲဖွင့်လေသည်။

"ဆရာမ သမီးကူပေးမယ်"

"အေးကွယ်"

နှင်းလဲ အားကုန်သုံးလိုက်ရာ တံခါးပွင့်လေသည်။နှစ်ယောက်သားအခန်းထဲဝင်လိုက်သောအခါ ဖုန်တွေ ပင့်ကူမျှင်တွေများစွာကိုတွေ့လိုက်ရသည်။ စတိုခန်းက လူလာနည်းသည်မို့ အခန်းကိုသန့်ရှင်းရေးသိပ်မလုပ်ကြ ဒါကြောင့် ဖုန်တွေများစွာတက်နေသည်။

"သမီး ဆရာမကို ပုလွေတွေ ကူရှာပေးပါဉီး"

"ဟုတ် ဆရာမ"

ကပ်ထူပုံးတွေ စင်ပေါ်တွေ ကြည့်ပေမယ့် ပုလွေမှာ မရှိချေ....
ဗီရိုထဲရှာကြည့်ဉီးမှပါလေ

"သမီးရေ ဒီဗီရိုလေး ဖွင့်ပေးပါလားကွယ်"

"ဟုတ်ကဲ့ဆရာမ"

နှင်းလဲဆရာမခိုင်းတဲ့အတိုင်းဖွင့်လိုက်သည်။ထို့နောက်ဆရာမမှ အော်ကာ နှင်းအားလာဖက်သည်ကိုခံစားမိလေသည်။

"အား နှင်းရေ ကြွက်ကြီး"

"အင့် ဆရာမ ဘာဖြစ်လို့လဲ"

"အဲ့မှာကြွက်ကြီး အဟင့်ဟင့် ဆရာမကြောက်တယ် ကယ်ပါဉီး အီးဟီးးး"

"ဆရာမရယ် ကြောက်စရာမှမဟုတ်တာ"

ကြွက်ကိုကြောက်ပြီးနှင်းကို ဖက်ထားကာ မျက်ရည်တွေပါထွက်လာသည်။နှင်းတော့ရယ်သာရယ်နေရသည် သူ့ဆရာမက ဒီလိုလဲ ကလေးဆန်တ​တ်သည်တဲ့လေ...

"ရှိသေးလားဟင်"

"အင်းရှိသေးတယ်"

"ဟင့် မောင်းပေးလို့"

"ဟုတ်ကဲ့ ကြွက်ကြီးရေ ဒီကိုလာ ဒီကိုလာ"

"နှင်း!!"

"အားဆရာမရယ် နားစည်ကွဲသွားဉီးမယ်"
သူနားအားပွတ်ကာပြောနေသော နှင်း...

"ကွဲပါစေ"

"ဆရာမ"

"ဘာလဲ"

"ဖက်ထားတာကိုဘာလို့လွှတ်တာလဲ"
နှင်းပြောတော့ သဇင်ရှက်လာသည် ကိုယ်ကလဲကိုယ်ပဲ အကြောက်လွန်ပြီးထိုကလေးကိုမှသွားဖက်ရတယ်လို့..ပြီးတော့မျက်ရည်ကျတဲ့အထိ အို..ရှက်လွန်းလို့ခေါင်းငုံ့ထားရသည်။

"ဆရာမလို့ ရှက်နေတာလား"

"ဘာလဲ ဘာကိုရှက်ရမှာလဲ"

"အယ် ဒါတောင်လေသံမလျော့ဘူး သူပဲလာဖက်ပြီးတော့ မျက်ရည်တွေတောင်ထွက်တယ်ငိုတာကလဲ"

"မင်းနော် တို့ကိုလိုက်စမနေနဲ့"

"မစပါဘူး ဟုတ်တာပြောတာကို ဒီအပျိုကြီးကဘာတွေရှက်နေတာတုန်း"

"ကဲဟယ် သေဖို့သာပြင် ကိုယ့်ဆရာမကို လိုက်စနေတာ"

"ဆရာမ လွန်မယ်နော်"

"မပြေးနဲ့"

"ဆရာမခြေထောက်နားမှာ ကြွက်ကြီး"

"အမလေး အမေ့!!"

"ဟားဟား ချစ်စရာကြီး"

"နှင်းအဉ္ဇလီမင်းတော့လား"

တစ်ယောက်စလိုက် တစ်ယောက်ကပြေးလိုက်နဲ့ ထိုအခန်းထဲရယ်သံလွင်လွင်လေးများအသက်ဝင်နေတော့သည်။ဗီရိုထဲကပုလွေလေးတွေနဲ့ ကြွက်လေးတွေကတော့ သူတို့အဖြစ်ကို အရှခံပြီးကြည့်နေပါသတဲ့...

မြတ်နိုးရသူWhere stories live. Discover now