Chapter 114: Extra Three

Start from the beginning
                                    

​ဟောင်ဖန်း မျက်လုံး မှိတ်လိုက်သည်။ သူ့အဘိုးရဲ့ နီရဲ​နေတဲ့ မျက်လုံး၊ ​ပြောပြီး မကျေမနပ် ဖြစ်နေတဲ့ အကြည့် ကို သူ မြင်နေရဆဲ ဖြစ်သည်။

သူ့အဖိုးနှင့် အဘိုးတို့ က သူ ဆယ်ကျော်သက်အရွယ် က ​​ထောက်တိုင်များ ဖြစ်ကြပြီး၊ သူ့ရဲ့ အဖိုးအတန်ဆုံး လူ၂​ယောက် ဖြစ်သည်။ အခု အခြေအနေ က တိုးတက်လာ​သော်လည်း ပင်ပန်းနွမ်းနယ်မှု ကို သူ ပြင်းပြင်း ထန်ထန် ခံစား​နေရသည်။

မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေ သက်ကြီးရွယ်အို နှစ်ဦး က ချက်ချင်း ဆိုသလို သူ့အား ​အောင်သွယ်​ပေးဖို့ တက်ကြွစွာ ကြိုးစားနေကြသည်။

ကြိမ်ဖန်များစွာ ငြင်းပယ်ခဲ့သော်လည်း သူတို့က သူ့ကို လက်ထပ်​ပေးဖို့ အမြဲ ကြိုးစားနေခဲ့သည်။ သူ့ရဲ့ အိမ်ထောင်ရေး က သူတို့အတွက် နောက်ထပ် စစ်မြေပြင် တစ်ခု ဖြစ်လာသလို အချင်းချင်း ရန်ဖြစ်နေကြသည်။ သူတို့ မိတ်ဆက်ပေးတဲ့လူနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ရင် တစ်ဖက် က အနိုင်ယူသွားလိမ့်မယ်။

သူ့ကလေးဘဝရဲ့ နွေးထွေးတဲ့ အမှတ်တရတွေဟာ အတုအယောင် ဖြစ်သွားပုံရသည်။ သူ့မိဘတွေ သေဆုံးပြီး ကတည်းက အရာအားလုံး ပြောင်းလဲသွားတာ ကို ရယ်စရာကောင်းစွာ သူ ရှာတွေ့ခဲ့သည်။ ဒီဗီလာကသာ သူ့နှလုံးသားထဲရှိ ကျောက်တုံး​တွေ ကို ပြေလျော့သွား​စေတာ ခံစားလို့ ရနိုင်သည်၊ ထို့ကြောင့် သူက ဘာမှ မစဉ်းစားဘဲ ​အေး​အေး​ဆေး​ဆေး အနားယူ နေနိုင်သည် ။

ရွှယ်ယွဲ့ရဲ့ နားရွက်​တွေ လှုပ်ယမ်းသွားသည်။ ​ဟောင်ဖန်းရဲ့ အသက်ရှုသံ ပြောင်းလဲမှုအပေါ် အာရုံခံမိသည်။

သူ အိပ်ပျော်သွားတယ်!

ခေါင်းကို ဂရုတစိုက် ရွှေ့ကာ ​ဟောင်ဖန်းရဲ့ အရှေ့မှာ ရပ်ဖို့ ညင်သာစွာ ရွှေ့လိုက်သည်။ ​ဟောင်ဖန်းရဲ့ ထူထဲတဲ့ ဓားလို မျက်ခုံးနားရှိ အရေးအကြောင်း​တွေ ကို ကြည့်ပြီး အရမ်း စိတ်မချမ်းသာသလို ခံစားလိုက်ရသည် ။ သူက အရာအားလုံး ကို တခဏမျှ တွေးတောနေရင်း ​ဟောင်ဖန်း ကို ခြုံ​ပေးဖို့ စောင်တစ်ထည်ယူရန် ဆုံးဖြတ်လိုက်သည်။ ဒရာမာမျိုးစုံတွင် ကြည့်ဖူးသည်။ စောင်မပါဘဲ အိပ်ပျော်သွားတဲ့ လူတွေ က အအေးမိလွယ်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now