ကိုယ် မိုးမိပြီး ဖျားနေတာ ၃ရက် ရှိပြီ၊ နှာစီးပြီး နှာခေါင်းပိတ်နေလို့ပါ၊ ဒီရက်တွေ စာမတင်ဖြစ်ခဲ့ရင် သက်သာတာ နဲ့ တန်းပြီးတင်ပေးမယ်နော် ၊ ကိုယ် gpထဲတောင် မဝင်ဖြစ်ဘူး ဖြစ်နေတယ် ၊ သတင်းလာမေးကြတဲ့သူတွေ ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် 🤎🤎🤎
Chapter 44: တိုက်ခိုက်ခံရခြင်း
ရှဲ့စန်း၏ ယာဉ်ပျံသည် ရှင်းချန် မြို့ဝင်ပေါက်ဆီသို့ တစ်လမ်းလုံး ပျံသန်းခဲ့ပြီး အစစ်ဆေးခံရန် ဆင်းသက်ခဲ့သည်။ သူတို့ အရှေ့တွင် စစ်ဆေးရေး ယာဉ်များနှင့် ယာဉ်တန်းရှည်ကြီး တစ်ခု ရှိနေသည်။
လောင်ထန်း က ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်ပြီး အံ့သြသွားသည်။
"လူတွေ အများကြီး ရှိနေတယ်"
ယာဉ်မောင်း က “လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက နေ့တိုင်း အဲဒီလို ဖြစ်နေတာ။ ငါတို့ ကုမ္ပဏီရဲ့ ယာဉ်တွေ အကုန် မအားဘူး။ ကြိုတင်ပြီး မမှာထားဘူးဆိုရင် အချိန် နည်းနည်းလေးနဲ့ ယာဥ်တစ်စီး မရနိုင်ဘူး” သူ သက်ပြင်းချလိုက်ပြီး
“အန္တရာယ်ဇုန်က သွားရတာ သိပ်မလွယ်ဘူး။ မကြာသေးခင် က လူတော်တော် များများ ဒုက္ခရောက်ခဲ့ကြတယ်။ မင်းက အရမ်းငယ်သေးတယ်၊ ထပ်ပြီး မစဥ်းစားဘူး ဆိုတာ သေချာလား"
“မစဥ်းစားတော့ဘူး” မိုင်နဲ က ပြောလိုက်သည်။
ရှဲ့စန်း ယာဉ်၏ အရှိန်ကိုကြည့်ကာ 'တန်းစီတဲ့ အရှေ့ရောက်ဖို့ နောက်ထပ် ၁၀မိနစ်လောက် လိုမယ်' ဟု ခန့်မှန်းခဲ့သည်။ တောနက်ကြီး အကြောင်း သတင်းတွေကို ဖတ်ဖို့ သူ့လက်ပတ်ကို ဖွင့်လိုက်ပေမယ့် Starnet ကိုဖွင့်လိုက်တာနဲ့ မိုင်နဲကော့စ် အကြောင်း ခေါင်းစဥ်တစ်ခုကို တွေ့လိုက်ရသည်။
[ကော့စ် မိသားစု သည် မိုင်နဲ ကော့စ် နှင့် အဆက်အသွယ် ဖြတ်ကြောင်း ကြေညာသည်။]
ရှဲ့စန်း တွေးကြည့်မိသည်။ ဒီလို အချက်အလက်မျိုးတွေကို ဖုံးကွယ်ထားလို့ မရတာကြောင့် မိုင်နဲရဲ့ ရှေ့မှာ လက်ကို ထားပြီး သတင်းဖတ်ဖို့ ညွှန်ပြလိုက်သည်။
YOU ARE READING
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED
RomanceThe Interstellar' expert plants tamer Chapter 111(+Extra 3)= 114 ရှဲ့စန်း သည် ကမ္ဘာပျက်ကာလအတွင်း Zombie အကိုက်ခံရပြီး သေဆုံးသွားခဲ့ပြီးနောက် သူ၏အပင်စနစ်နှင့် သားရဲဂြိုလ်သို့ကူးပြောင်းသွားခဲ့သည်။အသက်၁၈နှစ်ပြည့်ပြီးသော်လည်း ဆက်နွယ်သားရဲမနိုးထလာခဲ့...