Chapter 114: Extra Three

Start from the beginning
                                    

ဟောင်ဖန်း က သူ့ရဲ့ လေးနက်တဲ့ မျက်နှာ​ပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး

"ရွှယ်ယွဲ့၊ ပြဿနာ မရှာနဲ့"

ရွှယ်ယွဲ့ က မကျေမနပ်ဖြင့် ဆက်၍ ပွတ်သပ်သည်။

{"မင်း ထွက်သွားတုန်း က မင်း ငါ့ကို မခေါ်သွားဘူး!"}

​ဟောင်ဖန်း က သူ့မျက်နှာကို ပွတ်သပ်​ပေးလိုက်သည်။

"ဒါက စီးပွားရေး ကိစ္စ သက်သက်ပါ။ အန္တရာယ်မရှိပါဘူး။ မင်းက အခုမှ ရေချိုးပြီးတာ​လေ၊ ​မင်းရဲ့ အ​မွှေး​တွေ မခြောက်ပဲ ​မပြသ် မထွက်သင့်ဘူး။ အိမ်မှာနေတာ ဘယ်​လောက် ​ကောင်းလဲ"

"ဟမ့်" ရွှယ်ယွဲ့ က အော်လိုက်သည်။ "ငါ မင်း​နောက် ကို လိုက်ချင်တယ်။ မင်း ငါ့ကို ကတိပေး။ နောက်တစ်ခါ မင်း အပြင်ထွက်​တော့မယ်ဆို ငါ အိပ်ပျော်​နေရင်​တောင် မင်း ငါ့ကို နှိုးရမယ်!"

​ဟောင်ဖန်း က ကူကယ်ရာမဲ့သွားသည်။

"ကောင်းပြီ၊ ငါ မင်းကို ကတိပေးတယ်။ အရှေ့က ဖယ်ပေးပါ"

ရွှယ်ယွဲ့ ကျေနပ်သွားသည်။ ထပြီး အ​နောက်ဘက်သို့ ဆုတ်သွားသည်။ ​ဟောင်ဖန်း က သူ့ဖိနပ်ကို ပြောင်းစီးလိုက်ပြီး သူ့လည်ပင်းတစ်ဖက် ကို ပွတ်​ပေးလိုက်သည်။ သူက သူ့ဝတ်စုံ ကို ပေါ့ပေါ့တန်တန် ချွတ်လိုက်ပြီး ဆိုဖာပေါ် ပစ်ချလိုက်သည်။ ရှပ်အင်္ကျီအဖြူရဲ့ အပေါ်ဆုံး ကြယ်သီးကို ဖြုတ်ကာ လည်စည်း ကို ဆွဲချွတ်လိုက်သည်။ ရေတစ်ခွက် လောင်းထည့်လိုက်ပြီး ဆိုဖာပေါ်ထိုင်ကာ တစ်ငုံသောက်၍ အသက်ရှုလိုက်သည်။

ရွှယ်ယွဲ့ က ဆိုဖာ အနောက်တွင် လှဲလိုက်သည်။ ​ဟောင်ဖန်း ပခုံးဘေးရှိ ဆိုဖာအစွန်းတွင် ​ခေါင်း တင်ထားကာ စိမ်းပြာရောင် မျက်လုံး​တွေ ကို မျက်​တောင်ခတ်လိုက်သည်။

"အားဖန်း၊ မင်း မပျော်ဘူးလား?"

​ဟောင်ဖန်း က ရွှယ်ယွဲ့ရဲ့ ခေါင်းကြီးကို တိတ်တဆိတ် ပွတ်သပ်လိုက်သည်။

"မဟုတ်ပါဘူး"

ရွှယ်ယွဲ့ က ဒေါသတကြီး ခေါင်းကို လှည့်လိုက်သည်။

"လူလိမ်။ မင်းက ငါ့အသိဥာဏ် ကို စော်ကားနေတယ်လို့ ငါ ခံစားရတယ်။ ငါ က ဉာဏ်ကောင်းတယ်လို့ မင်းကို ပြောခဲ့တယ်​လေ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now