Chapter 105: အ​လျော်​ပေးခြင်း

ابدأ من البداية
                                    

အိမ်က​နေ လွန်းပျံယာဉ် ထွက်ခွာပြီး မကြာမီ ရှဲ့စန်းသည် အ​နောက် လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ယောက်ယောက် က ငါတို့ အနောက်ကို လိုက်နေတယ်"

မိုင်နဲ က နောက်ကြည့်မှန် ကို တစ်ချက် ကြည့်လိုက်သည်။

"စစ်တပ်ထဲ က တစ်ယောက်ပါ"

ရှဲ့စန်း က ချီ​ရှောက် ကို ဆက်သွယ်​တော့ "မင်း ဘေးကင်းဖို့ အတွက် ၊ အိမ်အပြင်မှာ ကာကွယ်​ပေးမယ့်သူ လိုတယ်" ဟု ပြောလာသည်။

ရှဲ့စန်း က နေရာတိုင်းတွင် လိုက်နေမှာကို တွေးကာ စိတ်မသက်မသာ ဖြစ်နေသည်။

"မလိုဘူး အဲဒါက တစ်ချိန်လုံး တစ်ခုခု ဖြစ်​နေသလို ခံစားရပြီး အရမ်း စိတ်ဖိစီးစေတယ်။ ငါ့ရဲ့ လုံခြုံရေးအတွက် မင်း စိတ်ပူနေတယ် ဆိုရင် ကင်မရာတွေရဲ့မြင်ကွင်းထဲကို ဝင်လာတဲ့ သူတွေကို စစ်ဆေးတာက​နေ စသင့်တယ်"

"ဒါက စစ်တပ်ရဲ့ အမိန့်ပဲ"

ရှဲ့စန်း မျက်ခုံးကို ပို၍ တင်းကျပ်စွာ ကျုံ့ထားသည်။

"တစ်ချိန်လုံး စောင့်ကြည့်ခံ​နေရရင် အပင်တွေကို ငါ မထောက်ပံ့ပေး​တော့ဘူး။ လုံးဝ လွတ်လပ်တာ ကို ရချင်တယ်၊ မဟုတ်ရင် ကိုယ့်ကိုကိုယ် ရိုးရိုးရှင်းရှင်းပဲ ​နေ​တော့မယ်"

ချီ​ရှောက် က သူ ဆိုလိုတာ ကို ချက်ချင်း နားလည်လိုက်သည်။ "မင်းရဲ့ ​တောင်းဆိုချက်တွေ ကို ထိပ်ပိုင်း က လူကြီး​တွေဆီ ပြန်တင်ပြလိုက်မယ်။ တခြား အမိန့် မရမချင်း ငါ့လူ​တွေ က မင်း အနောက်ကို လိုက်​နေကြလိမ့်မယ်"

က "ပြတ်ပြတ်သားသား ပြောမယ်​၊ တစ်စုံတစ်ယောက်က ငါ့ အနောက် ကို တစ်ချိန်လုံး လိုက်နေမယ် ဆိုရင် ငါပေးနိုင်တဲ့ တစ်ခုတည်းသော အပင်က ဘာလဲ ဆိုတာ မင်း... သိမှာပါ"

ချီ​ရှောက် က "မင်း အဲဒါကို ထပ်​ပြောစရာ မလိုပါဘူး။ မင်း ဘာကို ဆိုလိုချင်တယ် ဆိုတာ ငါ နားလည်ပါတယ်"

သူ ​​ပြောပြီးနောက် ရှဲ့စန်း က ပြဿနာ တစ်ခု ဖြစ်​ကြောင်းကို ရေရွတ်လိုက်​တော့ မိုင်နဲ က သူ့ကိုပြန်ကြည့်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDحيث تعيش القصص. اكتشف الآن