Chapter 98: ဂြိုလ်သား သားရဲ​တွေ

Start from the beginning
                                    

မိုင်နဲ က "ကိုယ် ဆက်သွယ်လိုက်မယ်"

ရှဲ့စန်း က လင်းယုန်ငှက်ရဲ့ အ​မွှေး​တွေ ကို ပွတ်သပ်​ပေးလိုက်သည်။ ထိတွေ့လိုက်ချိန် သူ့ရဲ့ သဘာဝ ​အော်ရာ က ပြင်းထန်လာပြီး သူ့ကို ငြိမ်သက်သွား​စေသည်။ လင်းယုန်ရဲ့ မျက်လုံး​တွေ က ခဏ​လောက် မှိတ်ထားပြီးနောက် စူးရှတဲ့ အကြည့်ဖြင့် ပြန်ဖွင့်လိုက်သည်။

ပါးစပ်ကို ဖွင့်ကာ အော်ဟစ်လိုက်သည်။

{"အားကျာ က မြေပြင်ကို ကျင်းတူးနေတဲ့ အချိန်မှာ ဒဏ်ရာရတဲ့ သားရဲတွေနဲ့ လူတွေ အများအပြား ရှိ​နေတဲ့ မြေအောက် သုတေသနစခန်း ကို သူ တွေ့ခဲ့တယ်။သူတို့ အားကျာကို ရှာတွေ့သွားကြပြီး သူတို့ က သူနဲ့ လုချင်းရှင်း ကိုလိုက်ဖမ်းခဲ့တယ်}

{"လုချင်းရှင်း နဲ့ အားကျာ မြေပြင်ပေါ်ကနေ တက်လာတဲ့အချိန် နှစ်ယောက်စလုံး ဒဏ်ရာရသွားတယ်။ အားကျာ က လုချင်းရှင်း ကို အရင်ခေါ်သွားပြီး ငါ့အတောင်ပံတွေ နဲ့ သူတို့ကို ကွယ်​ပေးခဲ့တယ်၊ ဒါ​ပေမယ့် နောက်ပိုင်းမှာ လူဆိုးတွေ က အရမ်း ပြင်းထန်တဲ့ လက်နက်တစ်ခု ပြောင်းသုံးခဲ့တယ်။ အဲဒါ​ကြောင့် ငါ့အတောင်ပံတွေ မခတ်နိုင်ဘဲ ဒဏ်ရာတွေ ရခဲ့တာ"}

လင်းယုန်ငှက်ရဲ့ ဒေါသတကြီး အသံထွက်လာပြီး သူ့ယဲ့ မသိစိတ်က အတောင်ပံ​တွေ ကို လှုပ်ရှားမိသွားသည်။ ရှဲ့စန်း က စိတ်တည်ငြိမ်အောင် အလျင်စလို တားလိုက်ပြီး

{ "မလှုပ်နဲ့၊ ဒဏ်ရာက ပိုဆိုးလာလိမ့်မယ်"}

သူက လင်းယုန်ငှက်ရဲ့ အမွှေး​တွေ ကို ပွတ်သပ်​ပေးလိုက်သည်။

{ "မင်းက အရမ်းတော်တယ်။ မင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့တာ​တောင် ပြန်ပြေးလာနိုင်တုန်းပဲ"}

လင်းယုန်ငှက် က {"ငါတို့ လမ်းခွဲပြီး သွားတုန်းက လုချင်းရှင်း က မင်းဆီ ပြန်သွားဖို့ ပြောခဲ့တယ်။ အဲဒီလူတွေက သူတို့ကို ဘယ်တော့မှ အလွတ်​ပေးမှာမဟုတ်ဘူး လို့ သူက ပြောခဲ့တယ်။ သူတို့ ခဏ​လောက် ပုန်းနေနိုင်​ပေမယ့် အမြဲတမ်း ရှာ​တွေ့​နေကြတယ်၊ ငါတို့ အကူအညီ ​ပေးဖို့ တစ်ယောက်ယောက် ကို လွှတ်ပေးရမယ်"}

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now