Chapter 94: ​မြေဝယ်ခြင်း

Start from the beginning
                                    

"ငရုတ်သီးက ခန္ဓာကိုယ် အတွက် ကောင်းတယ်​​လေ၊ ဒါပေမယ့် ကျွန်​တော့် ကိုယ်ဝန်နဲ့ ဘာမှမဆိုင်ဘူး။ starnetမှာ ​ပြော​နေတဲ့ စကား​တွေ က ချဲ့ကားလွန်းတယ်"

မာချွင် သက်ပြင်းချလိုက်တယ်။ "မွေးဖွားနှုန်း က တဖြည်းဖြည်း ကျဆင်းလာနေတယ်၊ ပိုကောင်းအောင်လုပ်ဖို့ ဖြေရှင်းချက် မတွေ့သေးဘူး။ အချို့ လူမှုဗေဒပညာရှင်​တွေ က အထိတ်တလန့်ဖြစ်​အောင် လူသားမျိုးနွယ် မျိုးသုဉ်း​တော့မယ် ဆိုတဲ့ သီအိုရီကို ရှေ့တန်း တင်နေကြတယ်"

ရှဲ့စန်း သူ့ဗိုက်ကို ကြည့်လိုက်သည်။ အများသူငှာရဲ့ သဘောထားနဲ့ သူ့ရဲ့ ကိုယ်ဝန်ကို ရုတ်တရက် ကြေငြာတာ က အဲဒါနဲ့ ပတ်သက်မှု တစ်ခုခု ရှိကောင်းရှိနိုင်သည်။ သူ့အတွေးတွေ ပြောင်းသွားပြီး

"ဥက္ကဌမာ၊ ဘရန့်ဒ်ဂြိုလ်ရဲ့ စုစုပေါင်း လူဦးရေနဲ့ နှိုင်းယှဉ်ရင် အဖွဲ့အစည်း က လူနည်းလွန်းပြီး မြေနေရာလည်း နည်းပါးလွန်းတယ်။ အစားအသောက် ထုတ်လုပ်ဖို့ အဖွဲ့အစည်းကိုပဲ အားကိုး​နေရင် ပမာဏ က အရမ်း နည်း​နေလိမ့်မယ်။ တခြားလူတွေကိုလည်း ဘာဖြစ်လို့ အပင် မစိုက်ခိုင်းတာလဲ"

မာချွင် က "အရင်က ငါတို့ ကြိုးစားကြည့်ခဲ့ပေမယ့် ဘရန့်ဒ်ဂြိုလ်ရဲ့ မြေက အပင်တွေ အတွက် မသင့်တော်ဘူး။ ငါတို့ရဲ့ အထူး ဓာတ်မြေသြဇာကြောင့်သာ တက္ကသိုလ်မှာ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တာ။ ဓာတ်မြေဩဇာ က မတည်မငြိမ် ဖြစ်နေတာကြောင့် သုတေသီ​တွေ က အပင်ကြီးထွားမှု ကို နေ့တိုင်း စောင့်ကြည့် လေ့လာကြရတယ်။ မြေသြဇာကို ကြီးထွားမှုပြောင်းလဲမှုအရ ရောစပ်ထားသောကြောင့် ထုပ်ပိုးရောင်းချလို့ မရဘူး​လေ"

ရှဲ့စန်း က ရယ်ပြီး "အရင်ကနဲ့ မတူတော့ဘူး​လေ။ ဘူမိဗေဒ က ပြောင်းလဲသွားနိုင်တယ်။ ငရုတ်သီး ကို ဓါတ်​မြေသြဇာ မရှိရင်တောင် စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအရည်အသွေးကို ပြောင်းလဲစေနိုင်တယ် လို့ အရင်က မပြောဖူးဘူးလား?"

မာချွင် က သက်ပြင်းချပြီး "အစေ့အတွက် ငရုတ်သီးကို သုံးပြီး ကြိုးစားစိုက်ခဲ့ကြတယ်။ ဓာတ်ခွဲခန်းက ပျိုးပင်​တွေ ကို ပြုစုပျိုးထောင်ပြီး အဲဒါ​တွေကို ဓါတ်ခွဲခန်း ပြင်ပမြေမှာ ရွှေ့ပြောင်းစိုက်ပျိုးခဲ့​ပေမယ့် စိုက်ပျိုးမှု မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ဝမ်းသာစရာ တစ်ခု က သူတို့ကို လက်ရှိ ငရုတ်ပင် စိုက်ခင်းမှာ စိုက်ပျိုးနိုင်ခဲ့တယ်"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now