Chapter 92: ကိုယ်ဝန်

Start from the beginning
                                    

ဒါပေမယ့် အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ အားစန်းရဲ့ ခန္ဓာကိုယ်ထဲမှာ နောက်ထပ် လူသားစွမ်းအင် ကိုယ်ခန္ဓာ ရှိနိုင်ပါ့မလား။

အက်ဒမ်က သူနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။

သူ သေချာ စဉ်းစားပြီးမှ ရှဲ့စန်း ကို ("အားစန်း၊ ငါ့ကိုယ်ငါ စမ်းသပ်တာ ကို ဖွင့်လိုက်မယ်။ လုပ်ငန်းစဉ်တစ်ခုလုံး က နာရီ ၅၀လောက် ကြာတာမလို့ ကိုယ်တိုင် စမ်းသပ်ပြီးရင်​တော့ ရေစွမ်းအင် ကို ရှာတွေ့မှာပါ")

ရှဲ့စန်း က စိုးရိမ်တကြီးနဲ့ ("မင်းမှာ တစ်ခုခု မှားနေတာလား") သာမာန် အခြေအနေများတွင်၊ ကိုယ့်ကိုကိုယ် စမ်းသပ်မှု ပြုလုပ်ရန် မလိုအပ်​ပေ။

အက်ဒမ် က ("အင်း... ငါ့အသိစိတ်မှာ တစ်ခုခု မှားနေပြီ၊ စိတ်မပူပါနဲ့၊ စနစ်တစ်ခုလုံး က ပုံမှန်ပါပဲ။ ပြဿနာနည်းနည်းပဲ ရှိတာ၊ ဒီကမ္ဘာကို ရောက်တာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကို ပြန်စစ်သင့်တာ။ ငါ့ခန္ဓာကိုယ်မှာ စွမ်းအင်မရှိလို့ အရင်က မလုပ်နိုင်ခဲ့ပေမယ့် အခု စွမ်းအင်အများစု ပြန်ရလာတော့ ငါ့ကိုယ်ငါ စစ်ဆေးနိုင်ပြီ")

ရှဲ့စန်း ပြုံးပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ("အဲဒါကောင်းတယ်။ စွမ်းအင်တွေ က တိုးလာနေသေးတဲ့အတွက် မင်းကိုယ်မင်း စမ်းသပ်ပြီးသွားတဲ့အခါ အပင်တချို့ ကို ပြန်အသက်သွင်းနိုင်ပြီပေါ့")

အက်ဒမ်၊ ("အားစန်း က အရမ်း ​တော်တာပဲ။ ငါကိုယ်ငါ စမ်းသပ်မှု ပြီးတဲ့အခါ ငါ စွမ်းအင်ကို ရှာလိုက်မယ်")

ရှဲ့စန်း က ပြုံးပြီး ("အင်း") လို့ ဖြေလိုက်သည်။

သူ့ပါးစပ်မှ စကား​ပြောသံ ထွက်လာတာနဲ့ တစ်စုံတစ်ယောက် က ရုတ်တရက် ချီလိုက်သည် ။ မျက်လုံး ဖွင့်ကြည့်လိုက်တော့ မိုင်နဲ က သူ့ကို ငုံ့ကြည့်နေတာ တွေ့လိုက်ရသည်။

"ပင်ပန်း​နေလို့လား?"

ရှဲ့စန်း နည်းနည်း အံ့သြသွားသည်။ သူက စွမ်းအင်နဲ့ အက်ဒမ် ကို အာရုံစိုက်ထားတာကြောင့် မျက်လုံး မှိတ်ထားမိမှန်း သူ မသိလိုက်ပေ။ အဲဒါကို သူ စဉ်းစားမိ​တော့ မျက်လုံးမှိတ်ထားတာ က သဘာဝ အဆန်ဆုံးအရာ ဖြစ်သည်၊ မဟုတ်ပါရင် စနစ်ကို ကြည့်ရင်း အက်ဒမ်နဲ့ ဆက်သွယ်လိုက်ရင် ထူးဆန်းတဲ့ အမူအရာ တစ်ခုရှိနေပေလိမ့်မည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now