Chapter 80 : လေလံပွဲများ

Start from the beginning
                                    

မိုင်နဲ က "ကိုယ်တို့ သွားကြည့်လို့ ရတယ်" သူက ၈၁ထပ် ကို နှိပ်ပြီး ညာဘက် အောက်ခြေထောင့် ကို ညွှန်ပြသည်။ “ည ၈ နာရီမှာ လေလံပွဲ ရှိတယ်”

ရှဲ့စန်း လှမ်းကြည့်လိုက်တော့ လက်မှတ်တွေ က လူတစ်ယောက် ကို ၁သိန်း လို့ ရေးထားတာ တွေ့တယ်။ 

“ဒါက ပိုက်ဆံ လုနေတာ မဟုတ်ဘူးလား”

မိုင်နဲ က “အထပ် ၈၀ရဲ့ လက်မှတ် က ၁သောင်း ဖြစ်ပြီးတော့ လေလံ စတဲ့ဈေး က ၁ သိန်း၊ ၈၁ လွှာ လေလံ စတဲ့ စျေးနှုန်း ၁၀ သိန်းဖြစ်ပြီး၊ တကယ် ကောင်းတဲ့ပစ္စည်းတွေ က ၈၁ လွှာမှာ ရှိတယ်။ လက်မှတ်က တံခါးပေါက်ပဲ”

လောင်ထန်း က လက်မှတ် စျေးနှုန်းနှင့် ပတ်သက်၍ အကြံမရှိသဖြင့် “၈၁ ထပ်ကို သွားကြရအောင်”

ပိုင်ကျောင်း က မိတ်ဆက်ထားတဲ့ စာမျက်နှာ ကို အနီးကပ် ကြည့်ကာ ရယ်မောလိုက်သည်။ 

"စောပါသေးတယ်။ ပြင်ဆင်ဖို့ အချိန်ကျန်ဦးမယ်” လို့ ပြောပြီး ဖန်သားပြင် အလယ်ကို ညွှန်ပြခဲ့သည်။ 

"မင်း အထဲ ဝင်ဖို့ ဝတ်စုံ ဝတ်မှရမယ်"

အဲဒါနဲ့ ဟော့ပေါ့စားပြီးတော့ သူတို့လေးယောက် က ထပ် ၆၀ကို သွားပြီး ဝတ်ဖို့ ဝတ်စုံ သွားဝယ်ကြသည်။ ဒီခရီးစဉ် အတွက် ပစ္စည်းတွေ အများကြီး ပြင်ဆင်ထားပေမယ့် ၀တ်စုံ မပါပေ။ နောက်ဆုံး သူတို့ရဲ့ ဦးတည်ရာက မသိသေးတဲ့ ဂြိုလ်လေးတစ်ခု ဖြစ်သည်။ ဒီလို တောက်ပြောင်တဲ့ အရာတွေ ကို လိုအပ်မယ် လို့ ဘယ်သူကမှ မျှော်လင့်မထားးခဲ့ပေ။

သူတို့ လေးယောက် က ထူးထူးခြားခြား ကြည့်ကောင်းနေတဲ့ အတွက် အရောင်းဝန်ထမ်း က သူတို့ကို မျက်လုံးထဲမှာ ထင်ဟပ်စေတဲ့ စတိုင် အမျိုးမျိုး ကို ဂရုတစိုက်နဲ့ မိတ်ဆက်ပေးခဲ့သည်။ လေးယောက် က ဘာဝတ်မလဲ ဆိုတာ ဂရုမစိုက်ဘူး  ဆိုတော့ အရောင်ကလွဲလို့ ဘာမှ စမ်းမကြည့်တော့ဘူး ၊ တိုက်ရိုက် ထုပ်ပိုးလိုက်ရုံပဲ ဖြစ်သည်။

အရောင်းဝန်ထမ်း က အံ့အားသင့်သွားပြီး သူတို့ကို ထွက်သွားတာ ကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်။ ဒီလူတွေ ကို အဝတ်အစား စမ်းကြည့်စေချင်သေးတာ။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now