Chapter 80 : လေလံပွဲများ

Start from the beginning
                                    

ရှဲ့စန်း က ခဏလောက် စဉ်းစားလိုက်သည်။ 

"ချဉ်းကပ်မှု ၂ခု လုပ်ကြရအောင်။ ရောင်းမယ့် သတင်းကို စောင့်နေပြီး ဖြစ်နိုင်ချေရှိတဲ့ ကွက်လပ်တွေ ကို ရှာကြမယ်”

လောင်ထန်း က စာကြောင်းရဲ့ နောက်ဆုံး တစ်ဝက်  ကို အာရုံစိုက်ပြီးနောက် သူ့မျက်လုံးတွေ က တောက်ပနေသည်။

မိုင်နဲ က “သူ့နေရာ ကို သိနိုင်လား” ဟု မေးသည်။

ရှဲ့စန်း က အပေါ်ကို မော့ကြည့်လိုက်တယ်။ "အထပ် ၈၀ အပေါ်မှာ။ နေရာ အတိအကျ က-....” ဟု ပြောပြီး ရှောင်ယင် နဲ့ သူရဲ့ လက်ရှိနေရာ ကြား အကွာအဝေး ကို မေးရန် အက်ဒမ် အား စိတ်ထဲကနေ လှမ်းခေါ်ဖို့ ပြင်လိုက်သည်။

ဒါပေမယ့် သူ့မျက်လုံးတွေ ကို တစ်ချက်ဝှေ့ကြည့်လိုက်တော့ အထပ်တစ်ခုစီရဲ့ အမြင့် က မတူဘူးဆိုတာ သူ သိလိုက်ရတယ်။အခုလိုမျိုး၊ ထမင်းစားခန်း က ဧည့်ခန်းထက် ပိုမြင့်သည်။ အောက်ဆုံးထပ် အနည်းငယ် က တိုက်ပွဲကွင်းများ ဖြစ်သည်၊ ထိုအဖြစ်အပျက်မျိုးအတွက်၊ အလွှာတစ်ခုစီ က ပိုမြင့်မည် ကို သတိထားမိသည်။

ထို့ကြောင့် အကွာအဝေး ကို သိသော်လည်း အထပ် ၈၀လို့ အတိအကျ မတွက်နိုင်ပေ။ အရင်က အက်ဒမ်ရဲ့ အားနည်းနေတဲ့ အသံ ကို တွေးမိပြီး အက်ဒမ်ရဲ့ စွမ်းအင် ကို မဖြုန်းတီးဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အဲဒါကို ကြည့်ပြီး “နေရာ  အတိအကျ ကို မသိနိုင်ဘူး” လို့ ပြောလိုက်တယ်။

"ဒါဆို ၁ထပ်ပြီး ၁ထပ် သွားရှာရအောင်" လောင်ထန်း က ပြောသည်။

မိုင်နဲရဲ့ လက်ချောင်းတွေ က ဖန်သားပြင်ပေါ်တွင် နှစ်ကြိမ်လောက် လည်ပတ်နေပြီး လျင်မြန်စွာ ကြည့်ရှုကာ  ဖန်သားပြင် ကို သုံးကြိမ် ပြန်လှည့်လိုက်သည်။ 

“အထပ် ၈၀ နဲ့ ၈၁ က လေလံအိမ်။ ၈၂လွှာနဲ့ အထက် က အသုံးပြုဖို့ ရှိတဲ့အတွက် အများသူငှာ ဝင်တာကို တားထားတယ်

ရှဲ့စန်းရဲ့ မျက်လုံးတွေ တောက်ပလာပြီး “လေလံအိမ်မှာ ရတနာတွေ အများကြီး ရှိရမယ်။ ရှောင်ယင် ကလည်း ရတနာတစ်ခုလေ၊ အဲဒါကြောင့် သူ့ကို အထပ် ၈၀ နဲ့ ၈၁ ထပ်မှာ ထားလောက်မလား"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now