Chapter 71 : ဖမ်းဆီးခြင်း

Start from the beginning
                                    

“မဟုတ်ဘူး၊ ဒီဓားက မတူဘူး။ ဆိုရီယာ က ဂျူလော့စ်  အတွက် ပေးထားတဲ့ လက်ဆောင်လေ။ အထူး ပြုလုပ်ထားတာ၊ ဒီလိုမျိုး က ဒီတစ်ခုပဲ ရှိတယ်” ဟု မီယာ ကပြောခဲ့သည်။

 "မင်း မျှော်လင့်ချက်တွေ မထားနဲ့"

ရှဲ့စန်း သူရဲ့ အောင်ပွဲခံသလို ပျော်ရွှင်မှုကို ကြည့်ပြီး ဒေါသ မထွက်ဘဲ မနေနိုင်ပေ။ 

"မိုင်နဲ က ခင်ဗျားရဲ့သား မဟုတ်ဘူး​လား? ဂျူလော့စ် ကို ကလေးဘဝတုန်း က သူ့ကို အနိုင်ကျင့်ခိုင်းပြီး အခုတော့ သူ့ကို ထောင်ထဲ ပို့ချင်နေတာလား”

“သူက ငါ့သား မဟုတ်ဘူး။ သူက ကော့စ် မဟုတ်ဘူး" မီယာ က မျက်မှောင် ကြုတ်လိုက်သည်။ သူ့လေသံ က အေးစက်ပြီး ကြမ်းတမ်းနေသည်။

 "ဒါဆို မင်း အပေါ် မူတည်သွားပြီ၊ သူ့ကို ထောင်ထဲ ပို့၊ မပို့ က မင်းအပေါ်မှာပဲ မူတည်နေတယ်"

ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်သည်။ "ခင်ဗျား ဘာကို ဆိုလိုတာလဲ?"

မီယာ။  “မိုင်နဲ က ဂျူလော့စ်ကို ဦးတည်ပြီး ကော့စ် မိသားစုကို အလှည့်ကျ ကစားခဲ့တယ်။ သူက ကော့စ် မိသားစုကို မလေးစားတာကြောင့် သူရဲ့ပြစ်ဒဏ် က အတူတူပဲ ဖြစ်သင့်တယ်။ ဒါပေမယ့် မင်းကို သူ့ရည်းစား အဖြစ်ထားရတာ ကံကောင်းတယ်။ ငါ့ရဲ့ တောင်းဆိုမှုကို မင်း သဘောတူရင် ငါ သူ့ကို လွှတ်ပေးနိုင်တယ်"

ရှဲ့စန်း သည် သူ့နှလုံးသားထဲတွင် ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရှိနေသည်။ 

"ခင်ဗျား ဘာလိုချင်တာလဲ?"

မီယာရဲ့ မျက်လုံးတွေ တောက်ပလာသည်။ “ကုမော့ နဲ့ ဧရာမ ခြင်္သေ့သားရဲကို ဆက်နွယ်ပေး။ မင်း လုပ်နိုင်တာကို ငါ သိတယ်” ဟု ပြောကာ ခဏရပ်လိုက်သည်။

 “အရင်က ငါ့မှာ ဒီတောင်းဆိုချက် တစ်ခုပဲ ရှိခဲ့ပေမယ့် အခု စဉ်းစားကြည့်တော့ နည်းနည်း လွယ်သွားပုံ ရတယ်။ ငါ့မှာ ဧရာမ ကျားသားရဲသခင် ဖြစ်ပြီး နာမည်ကြီးတဲ့ လက်အောက်ငယ်သား တစ်ယောက် ရှိတယ်။ သူနှင့် ဧရာမ ကျားသားရဲကို ဆက်နွယ်ပေး။ ဒီအလုပ် နှစ်ခု ကို ပြီးမြောက်သရွေ့ ဒီစောင့်ကြည့်မှု ကို ဖျက်ပြီး မိုင်နဲကို လွှတ်ပေးလိုက်မယ်”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now