Ep - 4

571 47 6
                                    

Zawgyi

"ရိပေါ်!..."

"•••"

"ရိပေါ်လိုက်ခဲ့ပါဆိုကွာ..."

"ငါမအားဘူး..."

"ဘာမအားတာလဲ...
မင်းအခုအိပ်နေတာလေ...
ငါမင်းကိုအပန်းဖြေဖို့ခေါ်လာတာလေ
ကွာ...ပျော်ပျော်ပါးပါးနေစမ်းပါ..."

မနက်ထဲကအခန်းထဲကမထွက်...
နိုးရဲ့သားနဲ့အိပ်ယာထဲမှာပဲ
မျက်မှောင်ကြီးကြုတ်ပြီးလှဲနေတာ
က 'လင်သေမုဆိုးဘို'ရုပ်နဲ့...
ဆံပင်ကမိုးကြိုးပစ်ကေနဲ့
စိတ်အပန်းပြေစေချင်လို့အပန်းဖြေခရီး
ခေါ်ထွက်လာပါတယ် စိတ်အခြေနေ
ပိုဆိုးသွားလေရဲ့...
စစ်ရေးလေ့ကျင့်မှုတွေမှာ ရက်သတ္တပတ်
လောက်မနားမနေ ပြင်းပြင်းထန်ထန်
လေ့ကျင့်ရရင်တောင် စိတ်အခြေအနေ
တက်ကြွနေတဲ့ရိပေါ်ကခုတော့ဖြင့်
'ချွတ်ချုံကျတဲ့ ဘွတ်ကလုံမ'
ဖြစ်လို့နေပြီ...
ဘယ်အရာကများ သူ့ကိုဒီလိုဖြစ်ပျက်
သွားအောင်လုပ်နေတာပါလိမ့်...

"မင်းငါ့ကိုအပန်းဖြေဖို့ခေါ်လာတာ
မလား...ဒါငါအပန်းဖြေတဲ့နည်းလမ်းပဲ..."

"•••"

"သွား မင်းသွားချင်ရာသွား...
ငါ့ကိုထားခဲ့...ငါ့ကိုပျော်စေချင်တယ်
မလား ငါအခုအရမ်းပျော်နေတယ်..."

လူကသာ'အရမ်းပျော်နေတယ်'
ပြောနေပေမဲ့ ရုပ်ကမှုံကုတ်ကုတ်
လေသံကစိတ်ဓာတ်ကျမှုအပြည့်...
ကျန်းဖုန်းကိုပြောနေတာများ
မသိရင် ဘဝကူးသွားတဲ့သူငယ်ချင်းကို
ကျွတ်ရာလွတ်ရာသွားခိုင်းနေသလို...

ကျန်းဖုန်း ရိပေါ်ချုံထားတဲ့စောင်ကို
ဆွဲယူကာကြမ်းပေါ်ပစ်ချပြီး
လူသေကောင်လိုလှဲနေတဲ့
ရိပေါ်ကိုဆွဲထူကာ ဂျက်ကတ်ပစ်ပေး
ရင်း...

"မင်းပါလိုက်ရမယ်...ထဆိုထ ခုထ...
မင်းကိုဒီလိုပုံစံကြီးနဲ့မထားခဲ့ချင်ဘူး...
ငါကျိမ်းသေပေါက်ပြောရဲတယ်...
မင်းမကြာခင် စိတ်ကောကိုယ်ကော
လန်းလာစေရမယ်..."

ရိပေါ်ဘာမှပြန်မပြောဖြစ်...
သူ့ကိုအတင်းဆွဲခေါ်နေတဲ့ကျန်းဖုန်း
နောက် ရုပ်သေကြီးနဲ့ဖုတ်ကောင်
လိုတောင့်တောင့်ကြီး လိုက်သွား
တော့တယ်...
စိတ်ကတော့လေလွှင့်နေပြီး
'စပွန်ဆာ'ဆိုသောစကားလုံးနားသာ
တဝဲလည်လည်ဖြစ်နေဆဲ...

🐉 The beast island 🐉Donde viven las historias. Descúbrelo ahora